Pular para o conteúdo
Publicidade

၁ ကောရိန္သု 1

13 ခ​ရစ်​တော်​သည် ကွဲ​ပြား​သ​လော။ ပေါ​လု​သည် သင်​တို့​အ​တွက် လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​ပြီ​လော။ သို့​မ​ဟုတ် သင်​တို့​သည် ပေါ​လု၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ခံ​ကြ​ပြီ​လော။- 14 က​ရိ​ပ္ပု​နှင့် ဂါ​ယု​မှ​တစ်​ပါး၊ သင်​တို့​တွင် အ​ဘယ်​သူ​အား​မျှ ဗ​တ္တိ​ဇံ​ကို ငါ​မ​ပေး​သည်​ဖြစ်၍ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ရှိ​ပါ၏။-တ၊ ၁၈:၈၊ ၁၉:၂၉။ ရော၊ ၁၆:၂၃15 သို့​ဖြစ်၍ ပေါ​လု​သည် မိ​မိ​နာ​မ၌ ဗ​တ္တိ​ဇံ​ကို​ပေး​သည်​ဟု အ​ဘယ်​သူ​မျှ ဆို​စ​ရာ​အ​ကြောင်း​မ​ရှိ။- 16 သ​တေ​ဖန်၏ အိမ်​သူ​အိမ်​သား​တို့​အား​လည်း ဗ​တ္တိ​ဇံ​ကို ပေး​ပြီ။ ထို​မှ​တစ်​ပါး အ​ခြား​သော​သူ​အား ဗ​တ္တိ​ဇံ​ပေး​သည်​ကို ငါ​မ​မှတ်​မိ။၁​ကော၊ ၁၆:၁၅။

17 ဗ​တ္တိ​ဇံ​ကို​ပေး​စေ​ခြင်း​ငှာ ခ​ရစ်​တော်​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​စေ​ခြင်း​ငှာ စေ​လွှတ်​တော်​မူ၏။ သို့​သော်​လည်း၊ ခ​ရစ်​တော်၏​လက်​ဝါး​ကပ်​တိုင်​ကို အ​ချည်း​နှီး​မ​ဖြစ်​စေ​ခြင်း​ငှာ၊ နှုတ်​ပ​ညာ​ကို အ​ခွင့်​မ​ပေး​ဘဲ နေ​တော်​မူ၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também