Pular para o conteúdo
Publicidade

၁ ကောရိန္သု 12:1-7

ဝိ​ညာဉ်​ဆု​ကျေး​ဇူး

1 ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ဝိ​ညာဉ်​ဆု​ကျေး​ဇူး အ​ကြောင်း​များ​ကို မ​သိ​ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ။- 2 သင်​တို့​သည် အ​ထက်​က​သာ​သ​နာ​ပ​လူ​ဖြစ်၍၊ သူ​တစ်​ပါး သွေး​ဆောင်​သ​ဖြင့်၊ စ​ကား​မ​ပြော​နိုင်​သော ရုပ်​တု​ရှိ​ရာ​သို့ ပါ​သွား​သော​သူ ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ကြ၏။- 3 ထို​ကြောင့် ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​အား​ဖြင့် ဟော​ပြော၍ အ​ဘယ်​သူ​မျှ ယေ​ရှု​ကို မ​ကျိန်​ဆဲ​နိုင်​သည်​ကို​လည်း​ကောင်း၊ ယေ​ရှု​သည် သ​ခင်​ဘု​ရား ဖြစ်​တော်​မူ၏​ဟု သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို အ​မှီ​မ​ပြု​လျှင်၊ အ​ဘယ်​သူ​မျှ မ​ပြော​နိုင်​သည်​ကို​လည်း​ကောင်း၊ သင်​တို့​သည် သိ​နား​လည်​စေ​ခြင်း​ငှာ ငါ​သ​တိ​ပေး၏။- 4 ဆု​ကျေး​ဇူး​တော် အ​ထူး​ထူး​အ​ထွေ​ထွေ ရှိ​ငြား​သော်​လည်း ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း ရှိ၏။- 5 ဓ​မ္မ​ဆ​ရာ​အ​မှု အ​ထူး​ထူး​အ​ထွေ​ထွေ​ရှိ​ငြား​သော်​လည်း သ​ခင်​တစ်​ပါး​တည်း​ရှိ၏။- 6 ပြု​ပြင်​ခြင်း​အ​မှု အ​ထူး​ထူး​အ​ထွေ​ထွေ ရှိ​ငြား​သော်​လည်း၊ ခပ်​သိမ်း​သော သူ​တို့၌ ပြု​ပြင်​သ​မျှ​ကို ပြု​ပြင်​တော်​မူ​သော ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​ရှိ၏။- 7 ကောင်း​သော​အ​ကျိုး​အ​လို​ငှာ​သာ ဝိ​ညာဉ်​တော်​ကို လူ​အ​သီး​အ​သီး​တို့​အား ထင်​ရှား​စွာ ပေး​တော်​မူ​လျက်​ရှိ၏။-

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.