Pular para o conteúdo
Publicidade

၁ ကောရိန္သု 6

ညီ​အစ်​ကို​ချင်း​တ​ရား​တွေ့​ခြင်း

1 သင်​တို့​သည် အ​ချင်း​ချင်း​အ​မှု​ရှိ​လျှင်၊ သန့်​ရှင်း​သူ​တို့​ရှေ့၌ တ​ရား​စီ​ရင်​ခြင်း​ကို မ​ခံ​ဘဲ သာ​သ​နာ​ပ​လူ​တို့​ရှေ့၌ ခံ​ဝံ့​သော​သူ တစ်​စုံ​တစ်​ယောက်​ရှိ​သ​လော။- 2 သန့်​ရှင်း​သူ​တို့​သည် လော​ကီ​နိုင်​ငံ​ကို တ​ရား​စီ​ရင်​မည်​ဟု မ​သိ​ကြ​သ​လော။ သင်​တို့​သည် လော​ကီ​နိုင်​ငံ​ကို စီ​ရင်​ရ​သည်​မှန်​လျှင်၊ အ​ငယ်​ဆုံး​သော အ​မှု​များ​ကို မ​စီ​ရင်​ထိုက်​သ​လော။- 3 ငါ​တို့​သည် ကောင်း​ကင်​တ​မန်​တို့​ကို တ​ရား​စီ​ရင်​မည်​ဟု မ​သိ​ကြ​သ​လော။ သို့​ဖြစ်၍ လော​ကီ​အ​မှု​ကို စီ​ရင်​ထိုက်​သည် မ​ဟုတ်​လော။- 4 ထို​ကြောင့် သင်​တို့​သည် လော​ကီ​အ​မှု​ကို စီ​ရင်​စ​ရာ​ရှိ​လျှင်၊ အ​သင်း​တော်၌ အ​သ​ရေ​နည်း​သော​သူ​တို့​ကို တ​ရား​သူ​ကြီး​အ​ရာ၌ ခန့်​ထား​ကြ​လော့။- 5 ထို​သို့​ဆို​သော်၊ သင်​တို့​ရှက်​စေ​ခြင်း​ငှာ ပြော​ဆို၏။ သင်​တို့​တွင် ပ​ညာ​ရှိ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​သ​လော။ ညီ​အစ်​ကို​ချင်း​တို့၏ အ​မှု​ကို စီ​ရင်​ဆုံး​ဖြတ်​နိုင်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​သ​လော။-

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também