Pular para o conteúdo
Publicidade

၁ ကောရိန္သု 7

ထိမ်း​မြားစုံဖက်​ခြင်း​ပြ​ဿ​နာ

1 သင်​တို့​သည် ငါ့​ထံ​သို့​ပေး​လိုက်​သော​စာ၌ ပါ​သော​အ​ရာ​မှာ၊ ယောက်ျား​သည် မိန်း​မ​နှင့်​မ​ဆက်​ဆံ​ဘဲ​နေ​လျှင်၊- 2 ကောင်း​သော်​လည်း၊ မ​တ​ရား​သော​မေ​ထုန်​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ယောက်ျား​တိုင်း မိ​မိ​မ​ယား​ရှိ​စေ​လော့။ မိန်း​မ​တိုင်း မိ​မိ​လင်​ရှိ​စေ​လော့။- 3 ယောက်ျား​သည် ဆက်​ဆံ​ခြင်း​ဝတ်​ကို မိ​မိ​မ​ယား​အား ပြု​စေ​လော့။ ထို​နည်း​တူ၊ မိန်း​မ​သည်​လည်း ဆက်​ဆံ​ခြင်း​ဝတ်​ကို မိ​မိ​လင်​အား ပြု​စေ​လော့။- 4 မိန်း​မ​သည် မိ​မိ​ကိုယ်​ကို​မ​ပိုင်၊ လင်​သည်​ပိုင်၏။ ထို​နည်း​တူ ယောက်ျား​သည်​လည်း မိ​မိ​ကိုယ်​ကို​မ​ပိုင်၊ မ​ယား​သည်​ပိုင်၏။- 5 အ​ချင်း​ချင်း​ခင်​ပွန်း​ဝတ်​ကို မ​ပယ်​မ​ရှောင်​ကြ​နှင့်။ ထို​သို့​ဆို​သော်၊ ဆု​တောင်း​ခြင်း​ဝတ်​ကို ပြု​ရ​သော​အ​ခွင့် ရှိ​စေ​ခြင်း​ငှာ၊ သ​ဘော​တူ၍ ခင်​ပွန်း​ဝတ်​ကို ခ​ဏ​မျှ​မ​ရှောင်​ရ​ဟု မ​ဆို​လို။ ထို​သို့​ရှောင်​လျှင်၊ ကိုယ်​ကို မ​ချုပ်​တည်း​နိုင်​သော​အား​ဖြင့် စာ​တန်​သည် အ​ပြစ်​သို့ သွေး​ဆောင်​ရ​သော​အ​ခွင့် မ​ရှိ​စေ​ခြင်း​ငှာ၊ နောက်​တစ်​ဖန် အ​တူ​နေ​ကြ​လော့။-

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também