Pular para o conteúdo
Publicidade

၁ ရှင်ပေတရု 2

12 သာ​သ​နာ​ပ​လူ​တို့​သည် သင်​တို့​ကို ကဲ့​ရဲ့​ပြစ်​တင်​ကြ​သည်​အ​မှု​မှာ၊ ဘု​ရား​သ​ခင်​ကြည့်​ရှု စီ​ရင်​တော်​မူ​သော နေ့​ရက်၌၊ သင်​တို့၏ ကောင်း​သော​အ​ကျင့်​ကို သူ​တို့​သည် ထောက်​ရှု၍ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​မည်​အ​ကြောင်း၊ သူ​တို့​ရှေ့၌ တင့်​တယ်​လျောက်​ပတ်​စွာ ကျင့်​နေ​ကြ​လော့။

13 သ​ခင်​ဘု​ရား၏​မျက်​နှာ​တော်​ကို ထောက်​လျက်၊ အ​ထွတ်​အ​မြတ်​တည်း​ဟူ​သော ရှင်​ဘု​ရင်​ဖြစ်​စေ၊ လူ​ဆိုး​တို့​ကို ဒဏ်​စီ​ရင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လူ​ကောင်း​တို့​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊- 14 ရှင်​ဘု​ရင်​ခန့်​ထား​သော ဝန်​မင်း​ဖြစ်​စေ၊ လူ​တို့​တွင် စီ​ရင်​ခန့်​ထား​သ​မျှ​သော မင်း၏​အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။-

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também