13 ဧလိယကလည်း မစိုးရိမ်နှင့်။ သင်ဆိုသည်အတိုင်း သွား၍ပြုလော့။ သို့ရာတွင် ငါ့အဖို့ မုန့်ပြားငယ်တစ်ပြားကို အရင်လုပ်၍ ယူခဲ့လော့။ နောက်မှ သင်နှင့် သင်၏သားငယ်အဖို့ လုပ်လော့။ 14 ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထာဝရဘုရားသည် မြေပေါ်မှာ မိုးရွာစေတော်မမူမီတိုင်အောင်၊ အိုး၌ရှိသောမုန့်ညက် မကုန်။ ဘူး၌ရှိသောဆီ မလျော့ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။