Pular para o conteúdo
Publicidade

၃ ဓမ္မရာဇဝင် 18

မိုး​ခေါင်​ကာလကုန်​ဆုံး​သွား​ခြင်း

41 ထို​နောက်​မှ ဧ​လိ​ယ​က၊ မင်း​ကြီး​သည် စား​သောက်​ခြင်း​ငှာ​တက်​သွား​ပါ​လော့။ များ​စွာ​သော မိုး​ရွာ​မည့်​အ​သံ​ရှိ​သည်​ဟု အာ​ဟပ်​အား​ပြော​ဆို​လျှင်၊ 42 အာ​ဟပ်​သည် စား​သောက်​ခြင်း​ငှာ​တက်​သွား၏။ ဧ​လိ​ယ​သည် က​ရ​မေ​လ​တောင်​ပေါ်​သို့​တက်၍၊ မြေ၌​ပျပ်​ဝပ်​လျက် မျက်​နှာ​ကို ဒူး​ကြား​မှာ​ထား​လျက်၊ 43 မိ​မိ​ကျွန်​အား သင်​တက်၍ ပင်​လယ်​သို့ ကြည့်​ရှု​လော့​ဟု​ဆို​သည်​အ​တိုင်း၊ ကျွန်​သည်​တက်၍ ကြည့်​ရှု​လျှင်၊ အ​ဘယ်​အ​ရာ​မျှ​မ​ရှိ​ပါ​ဟု​ပြော​ဆို၏။ ဧ​လိ​ယ​က၊ ခု​နစ်​ကြိမ်​တိုင်​အောင်​သွား၍ ကြည့်​ရှု​ဦး​လော့​ဟု​ဆို၏။ 44 ခု​နစ်​ကြိမ်​မြောက်​သော​အ​ခါ၊ လူ​လက်​နှင့်​တူ​သော မိုး​တိမ်​ငယ်​တစ်​ခု​သည် ပင်​လယ်​ထဲ​က​တက်​ပါ၏​ဟု​ဆို​သော်၊ အာ​ဟပ်​မင်း​ထံ​သို့ သွား​လော့။ မိုး​ရွာ၍ ဆီး​တား​မည်​ကို စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ မင်း​ကြီး​ပြင်​ဆင်၍ ပြန်​သွား​မည်​အ​ကြောင်း လျှောက်​ထား​လော့​ဟု မှာ​လိုက်​လေ၏။ 45 မ​ကြာ​မ​မြင့်​မီ မိုး​ကောင်း​ကင်​သည် မိုး​သက်​မုန်​တိုင်း​နှင့် မည်း၍ ပြင်း​စွာ​မိုး​ရွာ၏။ အာ​ဟပ်​သည် ရ​ထား​စီး၍ ယေ​ဇ​ရေ​လ​မြို့​သို့ သွား၏။ယာ၊ ၅:၁၈။46 ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ဧ​လိ​ယ​အ​ပေါ်​မှာ​ရှိ၍၊ သူ​သည် ခါး​ပန်း​ကို​စည်း​လျက် အာ​ဟပ်​မင်း​အ​ရင် ယေ​ဇ​ရ​လ​မြို့​တံ​ခါး​ဝ​သို့​ပြေး​လေ၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também