Pular para o conteúdo
Publicidade

၃ ဓမ္မရာဇဝင် 3

5 ထို​မြို့၌​ထာ​ဝ​ရ​ဘု​ရား​သည် ည​အ​ခါ အိပ်​မက်​တွင် ရှော​လ​မုန်​အား ထင်​ရှား​လျက်၊ ငါ​ပေး​ရ​မည်​ဆု​ကို တောင်း​လော့​ဟု ဘု​ရား​သ​ခင်​မိန့်​တော်​မူ၏။ 6 ရှော​လ​မုန်​က​လည်း၊ ကိုယ်​တော်၏​ကျွန် အ​ကျွန်ုပ်၏​အ​ဘ​ဒါ​ဝိဒ်​သည် ရှေ့​တော်၌ သ​ဘော​ဖြောင့်၍ သ​မ္မာ​တ​ရား၊ ဖြောင့်​မတ်​ခြင်း​တ​ရား​အ​တိုင်း ကျင့်​သည်​နှင့်​အ​ညီ၊ သူ၌​များ​စွာ​သော​ကျေး​ဇူး​ကို ပြု​တော်​မူ​ပြီ။ ယ​နေ့​တွင်​ရှိ​သည်​အ​တိုင်း၊ သူ၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​ရ​သော​သား​ကို သူ့​အား ပေး​သ​နား​တော်​မူ​သ​ဖြင့်၊ သူ့​အ​ဖို့ ကျေး​ဇူး​တ​ရား​ကို စောင့်​ရှောက်​တော်​မူ​ပြီ။ 7 ယ​ခု​မှာ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကျွန်​ကို အ​ဘ​ဒါ​ဝိဒ်၏​ကိုယ်​စား ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​တော်​မူ​ပြီ။ သို့​ရာ​တွင် အ​ကျွန်ုပ်​သည် သူ​ငယ်​ဖြစ်​ပါ၏။ ထွက်​ဝင်​ခြင်း​ငှာ မ​တတ်​နိုင်​ပါ။ 8 ရွေး​ချယ်​တော်​မူ၍ အ​ရေ​အ​တွက်​အား​ဖြင့် အ​တိုင်း​မ​သိ​များ​ပြား​စွာ​သော ကိုယ်​တော်၏ လူ​မျိုး​ကြီး​အ​လယ်၌ ကိုယ်​တော်​ကျွန်​ရှိ​ပါ၏။ 9 သို့​ဖြစ်၍ ကိုယ်​တော်​ကျွန်​သည် ကိုယ်​တော်၏​လူ​တို့​ကို တ​ရား​စီ​ရင်​နိုင်​မည်​အ​ကြောင်း ကောင်း​မ​ကောင်း​ကို ပိုင်း​ခြား၍ သိ​တတ်​သော​ဉာဏ်​ကို ပေး​သ​နား​တော်​မူ​ပါ။ ဤ​မျှ​လောက်​များ​စွာ​သော ကိုယ်​တော်၏​လူ​တို့​ကို အ​ဘယ်​သူ​သည် ကိုယ်​အ​လို​အ​လျောက် တ​ရား​စီ​ရင်​နိုင်​ပါ​မည်​နည်း​ဟု တောင်း​လျှောက်၏။ 10 ထို​သို့ ရှော​လ​မုန်​တောင်း​လျှောက်​သော ပ​တ္ထ​နာ​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​သည် နှစ်​သက်​တော်​မူ၏။ 11 ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် တာ​ရှည်​သော​အ​သက်​ကို မ​တောင်း၊ စည်း​စိမ်​ကို​လည်း မ​တောင်း၊ ရန်​သူ​တို့၏​အ​သက်​ကို​လည်း မ​တောင်း၊ တ​ရား​စီ​ရင်​ခြင်း​ငှာ တတ်​နိုင်​သော​ဉာဏ်​ကို​သာ ကိုယ်​အ​ဖို့​တောင်း​လျှောက်​သော​ကြောင့်၊ 12 သင်​တောင်း​လျှောက်​သည်​အ​တိုင်း ငါ​ပေး၏။ ရှေး​ကာ​လ၌ သင်​နှ​င့်​တူ​သော​သူ တစ်​ယောက်​မျှ​မ​ဖြစ်၊ နောင်​ကာ​လ၌ မ​ဖြစ်​နိုင်​အောင် ဉာဏ်​ပ​ညာ​နှ​င့်​ပြ​ည့်​စုံ​သော​စိတ်​ဝိ​ညာဥ်​ကို သင့်​အား​ငါ​ပေး၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também