29 ဘုရားသခင်သည် များစွာသော ဉာဏ်ပညာကိုလည်းကောင်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ ကျယ်ဝန်းသောနှလုံးကိုလည်းကောင်း ပေးတော်မူသည်ဖြစ်၍၊ 30 ပညာတော်သည် အရှေ့ပြည်သားပညာနှင့် အဲဂုတ္တုပြည်သားပညာကိုလွန်ကဲ၏။ 31 ရှောလမုန်သည် ဧဇရဟိတ်အမျိုး ဧသန်၊ မဟောလသား ဟေမန်၊ ခါလကောလ၊ ဒါရဒအစရှိသော လူအပေါင်းတို့ထက်သာ၍ ပညာရှိသဖြင့်၊ ခပ်သိမ်းသော တိုင်းနိုင်ငံအရပ်ရပ်၌ ကျော်စောလေ၏။ဆာ၊ ၈၉ ခေါင်းစဉ်။32 စီရင်တော်မူသော သုတ္တံစကားသုံးထောင်နှင့် သီချင်းတစ်ထောင်ငါးခုရှိ၏။သု၊ ၁:၁။