Pular para o conteúdo
Publicidade

၃ ဓမ္မရာဇဝင် 8

ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ဗိ​မာန်​တော်​သို့​ပ​င့်​ဆောင်​ခြင်း

1 ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ဇိ​အုန်​မည်​သော ဒါ​ဝိဒ်​မြို့​မှ ဆောင်​ခဲ့​လို​သော​ငှာ၊ ရှော​လ​မုန်​သည် ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​နှင့် ဣ​သ​ရေ​လ​အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​ကို အုပ်​သော ခေါင်း​မင်း​အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့၊ ရှင်​ဘု​ရင်​ထံ​သို့ ခေါ်​တော်​မူ​သည်​အ​တိုင်း၊၂​ရာ၊ ၆: ၁၂-၁၆။ ၅​ရာ၊ ၁၅: ၂၅-၂၉။2 ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် ဧ​သ​နိမ်​အ​မည်​ရှိ​သော သ​တ္တ​မ​လ၌ လုပ်​သော​ပွဲ​အ​တွင်း​တွင် ရှော​လ​မုန်​မင်း​ကြီး​ထံ​သို့ စု​ဝေး​ရောက်​လာ​ကြ၏။ဝတ်၊ ၂၃:၃၄။3 ဣ​သ​ရေ​လ​အ​မျိုး​တွင် အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည် လာ၍၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို ထမ်း​လျက်၊ 4 ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်၊ တဲ​တော်​နှင့်​ဆိုင်၍ သန့်​ရှင်း​သော​တန်​ဆာ​အ​လုံး​စုံ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​များ​နှင့် လေ​ဝိ​သား​များ​တို့​သည် ဆောင်​ခဲ့​ကြ၏။ 5 ရှော​လ​မုန်​မင်း​ကြီး​မှ​စ၍ စည်း​ဝေး​သော ဣ​သ​ရေ​လ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် မ​ရေ​တွက်​နိုင်။ အ​တိုင်း​မ​သိ​များ​စွာ​သော သိုး​နွား​တို့​ကို သေ​တ္တာ​တော်​ရှေ့​မှာ ယဇ်​ပူ​ဇော်​ကြ၏။ 6 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို အိမ်​တော်​အ​တွင်း​သို့​သွင်း၍၊ အ​လွန်​သန့်​ရှင်း​ရာ ဌာ​န​တည်း​ဟူ​သော ဗျာ​ဒိတ်​ဌာ​န​တော်​ထဲ​မှာ ခေ​ရု​ဗိမ်​အ​တောင်​တို့​အောက်၊ သူ့​နေ​ရာ၌ ထား​ကြ၏။ 7 ခေ​ရု​ဗိမ်​တို့​သည် မိ​မိ​အ​တောင်​နှစ်​ဖက်​ကို သေ​တ္တာ​တော်​နေ​ရာ​အ​ပေါ်​မှာ ဖြန့်၍၊ သေ​တ္တာ​တော်​နှင့် ထမ်း​ပိုး​တို့​ကို လွှမ်း​မိုး​လျက်​ရှိ​ကြ၏။ 8 ထမ်း​ပိုး​တို့​ကို ဆွဲ​ထား​သ​ဖြင့် ထမ်း​ပိုး​ဖျား​တို့​သည် ပြင်​ခန်း၌​မ​ထင်။ သန့်​ရှင်း​ရာ​ဌာ​န၊ ဗျာ​ဒိတ်​ဌာ​န​တော်၌​သာ​ထင်၍ ယ​နေ့​တိုင်​အောင်​ရှိ​ကြ၏။ 9 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​တော်​မူ​သော​အ​ခါ၊ မော​ရှေ​သည် ဟော​ရပ်​အ​ရပ်၌​ရှိ​စဉ် သွင်း​ထား​သော ကျောက်​ပြား​နှစ်​ပြား​မှ​တစ်​ပါး သေ​တ္တာ​တော်​ထဲ၌ အ​ဘယ်​အ​ရာ​မျှ​မ​ရှိ။တ​ရား၊ ၁၀:၅

10 ယဇ်​ပု​ရော​ဟိတ်​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​ထဲ​က ထွက်​ကြ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​သည် မိုး​တိမ်​နှင့်​ပြည့်၏။ 11 ထို​သို့ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​သည် ဘုန်း​တော်​နှင့်​ပြည့်​လျက်၊ မိုး​တိမ်​တော်​ကြောင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​မှု​တော်​ကို​ဆောင်​ရွက်​လျက် ရပ်၍ မ​နေ​နိုင်​ကြ။ထွ၊ ၄၀: ၃၄-၃၅။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.