Pular para o conteúdo
Publicidade

၁ ဓမ္မရာဇဝင် 1

22 ဟ​န္န​က၊ နို့​နှင့်​ကွာ​ပြီး​မှ သူ​ငယ်​ကို ဆောင်​သွား​ပါ​မည်။ ထို​အ​ခါ သူ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ ရောက်၍ အ​မြဲ​နေ​ရ​လိမ့်​မည်​ဟု ဆို​လျှင်၊ 23 ခင်​ပွန်း​ဧ​လ​ကာ​န​က၊ စိတ်​ရှိ​သည် အ​တိုင်း​ပြု​လော့။ နို့​နှင့်​မ​ကွာ​မီ​တိုင်​အောင် နေ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ က​တိ​တော်​သာ တည်​ပါ​စေ​သော​ဟု ဝန်​ခံ၍၊ မ​ယား​သည် သူ​ငယ်​ကို​နို့​တိုက်​လျက် နို့​မ​ကွာ​မီ​တိုင်​အောင် မ​သွား​ဘဲ​နေ၏။ 24 နို့​ကွာ​ပြီး​မှ၊ အ​သက်​သုံး​နှစ်​ရှိ​သော နွား​တစ်​ကောင်၊ မုန့်​ညက် တစ်​ဧ​ဖာ၊ စ​ပျစ်​ရည်​တစ်​ဘူး​နှင့်​တ​ကွ သူ​ငယ်​ကို​ဆောင်​သွား၍၊ ရှိ​လော​မြို့၌ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​သို့ ရောက်​လေ၏။ ထို​အ​ခါ သူ​ငယ်​သည် အ​သက်​နု​သေး၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.