34 ဒါဝိဒ်က၊ ကိုယ်တော်ကျွန်သည် အဘ၏သိုးတို့ကို ထိန်းကျောင်းစဉ်အခါ၊ ခြင်္သေ့နှင့်ဝံသည်လာ၍ သိုးသငယ်ကို သိုးစုထဲကကိုက်ချီပါ၏။ 35 ကျွန်တော်လိုက်၍ သတ်သဖြင့် သိုးသငယ်ကို သူ့ပါးစပ်ထဲက နုတ်ပါ၏။ ဝံသည် ကျွန်တော်ကို ပြန်၍ကိုက်သောအခါ၊ ဝံ၏မုတ်ဆိတ်ကိုကိုင်၍ ရိုက်သတ်ပါ၏။ 36 ကိုယ်တော်ကျွန်သည် ခြင်္သေ့နှင့်ဝံနှစ်ကောင်လုံးကို သတ်ပါ၏။ အရေဖျားလှီးခြင်းကို မခံသော ထိုဖိလိတ္တိလူသည် အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိုလ်ခြေတို့ကို ကြိမ်းပသောကြောင့်၊ ထိုအကောင်တစ်ကောင်ကဲ့သို့ ဖြစ်ပါလိမ့်မည်။
Publicidade