6 အာဇုတ်မြို့နှင့် မြို့နယ်၌နေသောသူတို့အပေါ်မှာ၊ ထာဝရဘုရားသည် လေးသောလက်တော်နှင့် ဖျက်တော်မူ၏။ မြင်းသရိုက်အနာနှင့်လည်း ဒဏ်ခတ်တော်မူ၏။ 7 အာဇုတ်မြို့သားတို့သည် ထိုအမှုကိုမြင်လျှင်၊ ဣသရေလအမျိုး၏ဘုရားသခင်သည် ငါတို့နှင့် ငါတို့ဘုရားဒါဂုန်အပေါ်မှာ လေးသောလက်တော်ကို တင်တော်မူသည်ဖြစ်၍၊ ထိုဘုရားသခင်၏သေတ္တာတော်ကို ငါတို့တွင်မရှိစေရဟုဆိုလျက်၊ 8 လူကိုစေလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်ကို အဘယ်သို့ပြုရပါမည်နည်းဟု မေးကြ၏။ မင်းများကလည်း၊ ဣသရေလအမျိုး၏ဘုရားသခင့်သေတ္တာတော်ကို ဂါသမြို့သို့ ဆောင်သွားစေဟု စီရင်သည်အတိုင်း ဆောင်သွားကြ၏။ 9 ထိုမြို့သို့ဆောင်သွားသောနောက်၊ ထာဝရဘုရား၏လက်တော်သည် ထိုမြို့၌ ကြီးစွာသောဖျက်ဆီးခြင်းကိုပြု၍၊ မြို့သူမြို့သား အကြီးအငယ်တို့ကို ဒဏ်ခတ်တော်မူသဖြင့်၊ ကိုယ်အတွင်း၌ မြင်းသရိုက်အနာကို ခံရကြ၏။ 10 တစ်ဖန် ဘုရားသခင်၏ သေတ္တာတော်ကို ဧကြုန်မြို့သို့ ပို့လိုက်သဖြင့်၊ ထိုမြို့သို့ရောက်သောအခါ၊ မြို့သူမြို့သားတို့က၊ ငါတို့နှင့် ငါတို့လူများကိုသတ်စေခြင်းငှာ၊ ဣသရေလအမျိုး၏ဘုရားသခင့်သေတ္တာတော်ကို ဆောင်ခဲ့ပါသည်တကားဟု ဟစ်ကြော်လျက်၊ 11 လူကိုစေလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်သည် ငါတို့နှင့်ငါတို့လူများကို မသတ်စေခြင်းငှာ လွှတ်လိုက်ကြကုန်အံ့၊ မိမိနေရင်းအရပ်သို့ သွားပါလေစေဟု ဆိုကြ၏။ အကြောင်းမူကား၊ ဘုရားသခင်သည် အလွန်လေးသော လက်တော်ကို တင်တော်မူသဖြင့်၊ တစ်မြို့လုံးသေစေတတ်သော အနာရောဂါ နှံ့ပြားလေ၏။
Publicidade
၁ ဓမ္မရာဇဝင် 5
Estes versículos te tocaram? Ore agora!
+581 estão orando agora.
Junte-se à corrente de oração.