Pular para o conteúdo
Publicidade

၁ ဓမ္မရာဇဝင် 6

10 လူ​များ​တို့​သည် ပြု​သ​ဖြင့်၊ သား​ငယ်​ရှိ​သော နွား​မ​နှစ်​ကောင်​ကို လှည်း၌​က၍၊ နွား​သ​ငယ်​တို့​ကို သူ့​နေ​ရာ၌ ချုပ်​ထား​ကြ၏။ 11 ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​နှင့်​တ​ကွ ရွှေ​ကြွက်​များ၊ မြင်း​သ​ရိုက်​ပုံ​များ​ပါ​သော သေ​တ္တာ​တော်​ကို လှည်း​ပေါ်​မှာ တင်​ကြ၏။ 12 နွား​မ​တို့​သည် ဗက်​ရှေ​မက်​လမ်း​သို့ တည့်​တည့်​လိုက်၍ မြည်​တွန်​လျက် သွား​ကြ၏။ လက်​ယာ​ဘက် လက်​ဝဲ​ဘက်​သို့​မ​လွှဲ လမ်း​မ​သို့​သာ လိုက်​ကြ၏။ ဖိ​လိ​တ္တိ​မင်း​တို့​သည် ဗက်​ရှေ​မက်​မြို့​နယ်​တိုင်​အောင် လိုက်​ကြ၏။ 13 ဗက်​ရှေ​မက်​မြို့​သား​တို့​သည် ချိုင့်၌ ဂျုံ၊ စ​ပါး​ကို​ရိတ်​လျက် မျှော်​ကြည့်၍ သေ​တ္တာ​တော်​ကို​မြင်​သော​အ​ခါ ဝမ်း​မြောက်​ကြ၏။ 14 လှည်း​သည် ဗက်​ရှေ​မက်​မြို့​သား ယော​ရှု၏​လယ်​ကွက်​ထဲ​သို့ ဝင်၍ ကျောက်​ကြီး​အ​နား​မှာ ရပ်​နေ၏။ ထို​သူ​တို့​သည် လှည်း​ကို​ချိုး​ခွဲ​ပြီး​လျှင် နွား​မ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ကြ၏။

15 ထို​အ​ခါ လေ​ဝိ​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​နှင့် ရွှေ​တန်​ဆာ​ပါ​သော သေ​တ္တာ​ကို​ချ၍ ကျောက်​ကြီး​ပေါ်​မှာ တင်​ထား​ပြီး​လျှင်၊ ဗက်​ရှေ​မက်​မြို့​သား​တို့​သည် ထို​နေ့​ချင်း​တွင် မီး​ရှို့​ရာ​ယဇ်​မှ​စ၍ ယဇ်​မျိုး​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ကြ၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.