Pular para o conteúdo
Publicidade

၁ တိမောသေ 3

အ​သင်း​တော်​ခေါင်း​ဆောင်​များ

1 သင်း​အုပ်​အ​ရာ​ကို တောင့်​တ​သော​သူ​သည် ကောင်း​သော အ​မှု​အ​ရာ​ကို တောင့်​တ​သည်​ဟူ​သော စ​ကား​သည် မှန်​သော​စ​ကား​ဖြစ်၏။- 2 ထို​ကြောင့်၊ သင်း​အုပ်​သည် အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​သော​သူ၊ မ​ယား​တစ်​ယောက်​တည်း​ရှိ​သော​သူ၊ သ​မ္မာ​သ​တိ​ရှိ​သော​သူ၊ ဣ​န္ဒြေ​စောင့်​သော​သူ၊ လျောက်​ပတ်​စွာ ကျင့်​သော​သူ၊ ဧည့်​သည်​ဝတ်​ကို ပြု​တတ်​သော​သူ၊ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တတ်​သော​သူ ဖြစ်​ရ​မည်။- 3 စ​ပျစ်​ရည်​နှင့်​ပျော်​မွေ့​ခြင်း၊ သူ​တစ်​ပါး​ကို​ရိုက်​ပုတ်​ခြင်း၊ မ​စင်​ကြယ်​သော​စီး​ပွား​ကို တပ်​မက်​ခြင်း​မ​ရှိ၊ စိတ်​ဖြည်း​ညင်း​သော​သူ၊ ရန်​မ​တွေ့​တတ်​သော​သူ၊ ငွေ​ကို မ​တပ်​မက်​သော​သူ​ဖြစ်​ရ​မည်။- 4 မိ​မိ​အိမ်​ကို ကောင်း​မွန်​စွာ အုပ်​စိုး၍ သ​မ္မာ​သ​မာ​ဓိ​ရှိ​သည်​နှင့်၊ မိ​မိ​သား​သ​မီး​ကို ဆုံး​မ​နိုင်​သော​သူ ဖြစ်​ရ​မည်။- 5 မိ​မိ​အိမ်​ကို မ​အုပ်​စိုး​တတ်​လျှင်၊ ဘု​ရား​သ​ခင်၏ အ​သင်း​တော်​ကို အ​ဘယ်​သို့​ပြု​စု​လိမ့်​မည်​နည်း။- 6 မာ​န​နှင့်​ယစ်​မူး​လျက်၊ မာရ်​နတ်၏ အ​ပြစ်​ရောက်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၍၊ ဘာ​သာ​ဝင်​လူ​သစ် မ​ဖြစ်​ရ။- 7 ကဲ့​ရဲ့​ပြစ်​တင်​ခြင်း၊ မာရ်​နတ်​ဖမ်း​မိ​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ပြင်​ပ​လူ​တို့​တွင် အ​သ​ရေ​ရှိ သော​သူ ဖြစ်​ရ​မည်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também