Pular para o conteúdo
Publicidade

၁ သက်သာလောနိတ် 4

3 ဘု​ရား​သ​ခင်၏ အ​လို​တော်​ဟူ​မူ​ကား၊ သင်​တို့​သည် မ​တ​ရား​သော​မေ​ထုန်​ကို ကြဉ်​ရှောင်၍ သန့်​ရှင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊- 4 ဘု​ရား​သ​ခင်​ကို​မ​သိ​သော သာ​သ​နာ​ပ​လူ​တို့​သည် ကိ​လေ​သာ တပ်​မက်​ခြင်း​ရှိ​သ​ကဲ့​သို့ မ​ရှိ၊- 5 သင်​တို့​အ​ပေါင်း​သည် သန့်​ရှင်း​ခြင်း၊ အ​သ​ရေ​တင့်​တယ်​ခြင်း​နှင့် မိ​မိ​ကိုယ်​ကို​မိ​မိ ထိန်း​တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊- 6 ဤ​အ​မှု​အ​ရာ၌ လွန်​ကျူး၍ ညီ​အစ်​ကို​ကို ပ​ရိ​ယာယ်​အား​ဖြင့် မ​ပြစ်​မှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လို​တော်​ရှိ၏။ ငါ​တို့​သည် အ​ထက်​က ဟော​ပြော၍ သ​စ္စာ​ပေး​နှင့်​သည်​အ​တိုင်း၊ သ​ခင်​ဘု​ရား​သည် ထို​သို့​သော ပြစ်​မှား​ခြင်း​ကို ခံ​သော​သူ​အ​ပေါင်း​တို့​ဘက်၌ တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်။- 7 ဘု​ရား​သ​ခင်​သည် ညစ်​ညူး​စေ​ခြင်း​ငှာ ငါ​တို့​ကို ခေါ်​တော်​မူ​သည်​မ​ဟုတ်၊ သန့်​ရှင်း​စေ​ခြင်း​ငှာ ခေါ်​တော်​မူ၏။-

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também

1 Tessalonicenses
Ver todos os capítulos de 1 Tessalonicenses