ဆန့်ကျင်ဘက်ထမ်းပိုး
14 မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းပိုးကို မထမ်းကြနှင့်။ တရားသောအမှုသည် မတရားသောအမှုကို အဘယ်သို့ လက်ခံနိုင်မည်နည်း။ အလင်းသည်မှောင်မိုက်နှင့် အဘယ်သို့ ဆက်ဆံနိုင်မည်နည်း။- 15 ခရစ်တော်သည် ဗေလျာလ နှင့် အဘယ်သို့ သင့်တင့်နိုင်မည်နည်း။ ယုံကြည်သောသူသည် မယုံကြည်သောသူနှင့်အတူ အဘယ် အကျိုးအပြစ်ကို ခံရမည်နည်း။- 16 ဘုရားသခင်၏ဗိမာန်တော်သည် ရုပ်တုတို့နှင့် အဘယ်သို့ စပ်ဆိုင်ရမည်နည်း။ ဘုရားသခင် မိန့်တော်မူသည်ကား၊ သူတို့တွင် ငါကျိန်းဝပ်မည်။ သူတို့တွင်လှည့်လည်၍ သူတို့၏ဘုရားသခင် ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူသည်နှင့်အညီ၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြ၏။- 17 ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူပြန်သည်ကား၊ သင်တို့သည် ထိုသူတို့အထဲမှထွက်၍ အသီးအခြား နေကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှ မတို့ကြနှင့်။ ထိုသို့ပြုလျှင် သင်တို့ကို ငါသည် လက်ခံမည်။-