1,2 ညီအစ်ကိုတို့၊ ငါတို့ သခင်ယေရှုခရစ် ကြွလာတော်မူ၍၊ ငါတို့သည် အထံတော်၌ စည်းဝေးခြင်းအရာမှာ၊ သခင်ဘုရား၏နေ့ရက် သည် ချက်ချင်းရောက်မည်ဟူ၍ စိတ်ဝိညာဉ်အားဖြင့်ဖြစ်စေ၊ နှုတ်ထွက်စကားအားဖြင့်ဖြစ်စေ၊ ငါတို့စာကဲ့သို့သော စာအားဖြင့်ဖြစ်စေ၊ သင်တို့သည် စိတ်ရွေ့လျော့ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း၊ အလျင်တဆော မရှိမည်အကြောင်း ငါတို့သည် တောင်းပန်ကြ၏။- 3 အဘယ်သူမျှ သင်တို့ကို အဘယ်သို့သောအားဖြင့် မလှည့်ဖြားစေနှင့်၊ ထိုနေ့ရက်မရောက်မီ ဖောက်ပြန်သင်းခွဲခြင်းသည် အရင်ဖြစ်၍၊ ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်း၏သားသည် ပေါ်လာရလိမ့်မည်။- 4 ထိုသူသည် ဘုရားသခင်ဟူ၍လည်းကောင်း၊ ဘုရားဟူ၍လည်းကောင်း၊ ခေါ်ဝေါ်သမျှသောအရာတို့ကို ရန်ဘက်ပြု၍၊ ကိုယ်ကို ကိုယ်ချီးမြှောက်သောအားဖြင့်၊ ဘုရားသခင်၏ ဗိမာန်တော်၌ ဘုရားသခင်ကဲ့သို့ ထိုင်၍၊ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက် ကိုယ်ကိုပြသောသူ ဖြစ်သတည်း။
Publicidade
2 Tessalonicenses 2
ပျက်စီးခြင်း၏သား