5 ပေတရုသည် ထောင်ထဲ၌ အကျဉ်းနေရစဉ်၊ သင်းဝင်သူတို့သည် သူ့အဖို့ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းပတ္ထနာပြုကြ၏။
ပေတရုလွတ်လာခြင်း
6 ပေတရုသည် ဟေရုဒ်မင်းထုတ်ခါနီး၊ ညအချိန်တွင် သံကြိုးနှစ်စင်းနှင့် ချည်နှောင်ခြင်းကိုခံရလျက်၊ စစ်သူရဲနှစ်ယောက်တို့အလယ်၌ အိပ်ပျော်၍၊ အစောင့်များတို့သည် ထောင်တံခါးရှေ့မှာ စောင့်နေကြ၏။- 7 ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ပေါ်လာလျှင် ထောင်အိမ်၌ အလင်းထွန်းတောက်လေ၏။ ကောင်းကင်တမန်သည် ပေတရု၏ နံဘေးကိုပုတ်ခတ်၍၊ အလျင်အမြန်ထလော့ဟု ဆိုလျက်ထစေ၏။ သံကြိုးသည်လည်း ပေတရုလက်မှ ကျွတ်လေ၏။- 8 ကောင်းကင်တမန်ကလည်း၊ သင်၏ ခါးပန်းကိုစည်းလော့။ ခြေနင်းကိုလည်းစည်းလော့ဟု ဆိုလျှင်၊ ဆိုသည်အတိုင်း ပေတရုပြု၏။ ဝတ်လုံကိုခြုံ၍ ငါ့နောက်သို့လိုက်လော့ဟု ဆိုပြန်၏။- 9 ပေတရုသည် ထွက်၍လိုက်သော်လည်း၊ ကောင်းကင်တမန် ပြုသမျှတို့သည် မှန်သောအမှုအရာဖြစ်သည်ဟု မသိမမှတ်ဘဲ၊ မိမိသည် ဗျာဒိတ်ရူပါရုံကို မြင်သည်ဟုထင်လေ၏။- 10 လူစောင့်နှစ်တန်ကို လွန်သွား၍ မြို့ထဲသို့ ဝင်သောသံတံခါးသို့ ရောက်လျှင်၊ ထိုတံခါးသည် အလိုလိုပွင့်သဖြင့် သူတို့သည်ထွက်၍ လမ်းတစ်ကြောင်း၌လျှောက်သွားပြီးမှ၊ ကောင်းကင်တမန်သည် ချက်ချင်း ပေတရုမှ ခွာ၍ သွားလေ၏။
11 ပေတရုသည် သတိရလျှင်၊ ယခုပင် သခင်ဘုရားသည် မိမိကောင်းကင်တမန်ကို စေလွှတ်၍ ဟေရုဒ်မင်းလက်မှလည်းကောင်း၊ ယုဒလူတို့၏ မျှော်လင့်ခြင်းမှလည်းကောင်း၊ ငါ့ကိုကယ်နုတ်တော်မူသည်ကို ငါအမှန်သိ၏ဟု အောက်မေ့စဉ်၊- 12 လူများစုဝေး၍ ဆုတောင်းရာ၊ မာကုအမည်သစ်ကိုရသော ယောဟန်၏အမိဖြစ်သော မာရိ၏အိမ်သို့ရောက်၍၊-