Pular para o conteúdo
Publicidade

တမန်တော် 13

ဗာ​န​ဗ​နှ​င့်​ရှော​လု​ကို​စေ​လွှတ်​ခြင်း

1 အ​န္တိ​အုတ်​မြို့​တွင်​ရှိ​သော အ​သင်း​တော်၌ ဗာ​န​ဗ​မှ​စ၍ နိ​ဂါ​ဟု​ခေါ်​ဝေါ်​သော ရှု​မောင်၊ ကု​ရေ​နေ​ပြည်​သား လု​ကိ၊ စော်​ဘွား​ဟေ​ရုဒ်၏ သူ​ငယ်​ချင်း​အ​ရင်း​ဖြစ်​သော မာ​နင်​နှင့် ရှော​လု​တည်း​ဟူ​သော ပ​ရော​ဖက်​ပြု​သူ၊ ဆ​ရာ​ပြု​သူ​ရှိ​ကြ၏။- 2 ထို​သူ​တို့​သည် သ​ခင်​ဘု​ရား​ဝတ်​ကို​ပြု၍ အ​စာ​ကို​ရှောင်​ကြ​စဉ်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က၊ ငါ​ခန့်​ထား​သော​အ​မှု​ကို ဆောင်​ရွက် စေ​ခြင်း​ငှာ ဗာ​န​ဗ​နှင့်​ရှော​လု​တို့​ကို ရွေး​ချယ်​ခွဲ​ထား​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊- 3 အ​စာ​ရှောင်၍ ပ​တ္ထ​နာ​ပြု​လျက်၊ ထို​သူ​တို့​ခေါင်း​ပေါ်​မှာ လက်​ကို​တင်၍ လွှတ်​လိုက်​ကြ၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também