12 အခါယပြည်ကို ဂါလျုန်မင်းသည် ဝန်အရာနှင့် အုပ်စိုးသောအခါ ယုဒလူများသည် တညီတညွတ်တည်း ပေါလုကို အနိုင်အထက်ပြု၍ တရားပလ္လင်ရှေ့သို့ ယူသွားပြီးလျှင်၊- 13 လူတို့သည် ဘုရားကိုမတရားသဖြင့် ကိုးကွယ်စေခြင်းငှာ၊ ဤသူသည် ဖြားယောင်းတတ်ပါသည် ဟုဆိုကြ၏။- 14 ပေါလုသည် နှုတ်ကိုဖွင့်မည်ပြုသော်၊ ဂါလျုန်မင်းက၊ အချင်း ယုဒလူတို့၊ မတရားသောအမှု၊ ဆိုးယုတ်ညစ်ညူးသောအမှုဖြစ်လျှင်၊ ငါသည်သင်တို့ကို အကြောင်းရှိသည်အတိုင်း သည်းခံရမည်။- 15 သို့မဟုတ် စကားသော်လည်းကောင်း၊ ခေါ်ဝေါ်သမုတ်ခြင်းသော်လည်းကောင်း၊ သင်တို့၏ ဘာသာတရားသော်လည်းကောင်း၊ သင်တို့သည်အစီရင်ခံလျှင် ကိုယ်အမှုကို စောင့်ကြလော့။ ထိုသို့သော အမှုကိုစီရင်ခြင်းငှာ ငါအလိုမရှိဟုဆိုလျက်၊- 16 ယုဒလူတို့ကို တရားပလ္လင်မှ ပယ်ရှားစေ၏။- 17 ထိုအခါ ဟေလသလူအပေါင်းတို့သည် တရားဇရပ်မှူး သုဿင်ကိုယူ၍ တရားပလ္လင်ရှေ့မှာ ရိုက်ကြ၏။ ထိုအမှုကိုလည်း ဂါလျုန်မင်းသည် အမှုမထားဘဲနေ၏။