Pular para o conteúdo
Publicidade

တမန်တော် 7

44 မော​ရှေ​မြင်​ရ​သော​ပုံ​နှင့်​အ​ညီ၊ သက်​သေ​ခံ​တော်​မူ​ချက် ဌာ​ပ​နာ​ရာ​တဲ​တော်​ကို လုပ်​ရ​မည်​အ​ကြောင်း အ​မိန့်​တော်​ရှိ​သော​သူ​မှာ ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​တဲ​တော်​သည် တော​တွင် ငါ​တို့​အ​ဘ​များ၌​ရှိ၏။-ထွ၊ ၂၅:၉၊၄၀။45 နောက်​ကျ​သော ငါ​တို့​အ​ဘ​များ​သည် ထို​တဲ​တော်​ကို တစ်​ပါး​အ​မျိုး​သား​တို့ ပိုင်​သော မြေ​ထဲ​သို့ ယော​ရှု​နှင့်​အ​တူ ဆောင်​သွင်း​ကြ၏။ ထို​တစ်​ပါး​အ​မျိုး​သား​တို့​ကို ဘု​ရား​သ​ခင်​သည် ဒါ​ဝိဒ်​မင်း​လက်​ထက်​တိုင်​အောင် ငါ​တို့​အ​ဘ​များ​ထံ​မှ နှင်​ထုတ်​တော်​မူ၏။-ယော​ရှု၊၃:၁၄-၁၇။46 ထို​ဒါ​ဝိဒ်​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ခံ​ရ၍၊ ယာ​ကုပ်၏ ဘု​ရား​သ​ခင် ကျိန်း​ဝပ်​တော်​မူ​ဖို့​ရာ​အ​ရပ်​ကို တွေ့​ခြင်း​ငှာ တောင့်​တ၏။-၂​ရာ၊ ၇:၁-၁၆။ ၅​ရာ၊၁၇:၁-၁၄။47 ရှော​လ​မုန်​သည်​လည်း ဗိ​မာန်​တော်​ကို တည်​ဆောက်​ရ၏။-၃​ရာ၊ ၆:၁-၃၈။ ၆​ရာ၊၃:၁-၁၇။48 သို့​သော်​လည်း ကောင်း​ကင်​ဘုံ​သည် ငါ့​ပ​လ္လင်​ဖြစ်၏။- 49,50 မြေ​ကြီး​သည် ငါ့​ခြေ​တင်​ရာ​ခုံ​ဖြစ်၏။ အ​ဘယ်​သို့​သော​ဗိ​မာန်​ကို ငါ့​အ​ဖို့ တည်​ဆောက်​ကြ​မည်​နည်း။ အ​ဘယ်​အ​ရပ်​သည် ငါ့​ကျိန်း​ဝပ်​ရာ​အ​ရပ်​ဖြစ်​မည်​နည်း။-ဟေ​ရှာ၊ ၆၆:၁-၂။ ငါ့​လက်​သည် ဤ​အ​ရာ​အ​လုံး​စုံ​တို့​ကို ဖန်​ဆင်း​သည် မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​အ​ချက်​ကို ပ​ရော​ဖက်​ပြန်​ကြား​သည်​နှင့်​အ​ညီ၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် လူ​တို့​လက်​ဖြင့်​လုပ်​သော ဗိ​မာန်၌ ကျိန်း​ဝပ်​တော်​မူ​သည်​မ​ဟုတ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também