အသင်းတော်ကိုရှောလုညှဉ်းဆဲခြင်း
1 ထိုအခါ ယေရုရှလင်မြို့၌ရှိသော အသင်းတော်သည် ပြင်းစွာသောညှဉ်းဆဲခြင်းကိုခံရသဖြင့် တမန်တော်တို့မှတစ်ပါး သင်းဝင်သူအပေါင်းတို့သည် ယုဒပြည်၊ ရှမာရိပြည်အရပ်ရပ်တို့၌ အနှံ့အပြား ကွဲပြားကြ၏။-