Pular para o conteúdo
Publicidade

ဒံယေလ 1

ဣ​သ​ရေ​လ​လူ​ငယ်​များ

1 ယု​ဒ​ရှင်​ဘု​ရင်​ယော​ယ​ကိမ် နန်း​စံ​သုံး​နှစ်​တွင်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ချီ​လာ၍ ဝန်း​ရံ​လေ၏။၄​ရာ၊ ၂၄:၁။ ၆​ရာ၊ ၃၆:၅-၇။2 ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​မှ​စ၍ ဗိ​မာန်​တော်​တန်​ဆာ​အ​ချို့​တို့​ကို နေ​ဗု​ခဒ်​နေ​ဇာ​လက်​သို့ အပ်​နှံ​တော်​မူ၍၊ ထို​တန်​ဆာ​များ​ကို နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ရှိ​နာ​ပြည်၌​ရှိ​သော မိ​မိ​ဘု​ရား၏​ကျောင်း​သို့ ယူ​သွား​ပြီး​လျှင်၊ ရွှေ​တိုက်၌ သွင်း​ထား​တော်​မူ၏။ 3 ထို​အ​ခါ ရှင်​ဘု​ရင်​သည် မိန်း​မ​စိုး​အုပ် အာ​ရှ​ပေ​နတ်​ကို​ခေါ်​တော်​မူ၍၊ 4 မ​ကောင်း​သော လ​က္ခ​ဏာ​ကင်း​လျက်၊ လှ​သော​အ​ဆင်း​သ​ဏ္ဌာန်​နှင့် ပြည့်​စုံ၍၊ ကောင်း​သော​ဉာဏ်​နှင့် တ​ကွ အ​ထူး​ထူး​အ​ပြား​ပြား​သော အ​တတ်​ပ​ညာ​များ​ကို လေ့​ကျက်၍၊ နန်း​တော်၌ အ​မှု​ထမ်း​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သော​လူ​ပျို​တို့​ကို ဣ​သ​ရေ​လ မင်း​မျိုး​မင်း​သား​ထဲ​က ရွေး​ကောက်၍၊ ခါ​လ​ဒဲ​ဘာ​သာ​အ​တတ်​ကို​သင်​စေ​ဟု အ​မိန့်​တော်​ရှိ၏။၄ ရာ၊ ၂၀:၁၇-၁၈၊၂၄:၁၀-၁၆။ ၆ ရာ၊ ၃၆:၁၀။ ဟေ​ရှာ၊ ၃၉:၇-၈။5 ပွဲ​တော်​မှ ကြွင်း​သော​အ​စာ​နှင့် သောက်​တော်​မူ​သော စ​ပျစ်​ရည်​ကို နေ့​တိုင်း​ပေး၍ သုံး​နှစ်​ကျွေး​မွေး​ပြီး​မှ၊ အ​မှု​တော်​ထမ်း​ရ​မည်​အ​ကြောင်း စီ​ရင်​တော်​မူ၏။ 6 ထို​သူ​တို့​တွင် ယု​ဒ​အ​မျိုး​သား ဒံ​ယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ၊ အာ​ဇ​ရိ​တို့​သည်​ပါ​ကြ၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também