5 ထိုအခါ တောင်ရှင်ဘုရင်သည် တန်ခိုးကြီးလိမ့်မည်။ မင်းစုထဲ၌ မင်းတစ်ပါးသည် ထိုသူထက်တန်ခိုးကြီး၍ အာဏာတည်လိမ့်မည်။ သူ၏အာဏာလည်း အလွန်ကျယ်လိမ့်မည်။ 6 ကာလလွန်သောအခါ သူတို့သည် အဆွေဖွဲ့ကြလိမ့်မည်။ အသင့်အတင့်ဖြစ်စေခြင်းငှာ တောင်ရှင်ဘုရင်၏သမီးသည် မြောက်ရှင်ဘုရင်ထံသို့ ရောက်လိမ့်မည်။ သို့သော်လည်း၊ ထိုမင်းသမီး၏အာဏာသည် မတည်ရ။ ထိုမင်းနှင့်တကွ အမျိုးအနွယ်တော်သည်လည်း မတည်ရ။ မင်းသမီးကိုလည်းကောင်း၊ ဆောင်ခဲ့သောသူတို့ကိုလည်းကောင်း၊ သူ၏သားကိုလည်းကောင်း၊ ထိုကာလ၌ သူ့ကိုထောက်ပင့်သော သူများကိုလည်းကောင်း ဆုံးရှုံးခြင်းသို့ အပ်ရလိမ့်မည်။