Pular para o conteúdo
Publicidade

ဒံယေလ 3

28 နေ​ဗု​ခဒ်​နေ​ဇာ မင်း​ကြီး​က​လည်း၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့၏ ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ မိ​မိ​တို့​ဘု​ရား​မှ​တစ်​ပါး၊ အ​ခြား​သော ဘု​ရား​ကို ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကိုး​စား၍ မင်း​ကြီး​အ​မိန့်​တော်​ကို ဆန်​လျက်၊ မိ​မိ​တို့​ကိုယ်​ကို​ပင် အပ်​နှံ​သော ကျွန်​တော်​ရင်း​တို့​ရှိ​ရာ​သို့၊ ထို​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍ ကယ်​တင်​တော်​မူ​ပြီ။ 29 ထို​ကြောင့်၊ အ​ရပ်​ရပ်​တို့၌​နေ၍ အ​သီး​သီး​အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​မျိုး​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့၏ ဘု​ရား​သ​ခင်​အား ပြစ်​မှား​သော​စ​ကား​ကို ပြော​လျှင်၊ ထို​သူ​ကို အ​ပိုင်း​ပိုင်း​စဉ်း​စေ။ သူ၏​အိမ်​ကို​လည်း နောက်​ချေး​ပုံ​ဖြစ်​စေ​ဟု ငါ​အ​မိန့်​တော်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို​မျှ​လောက်​သော ကယ်​တင်​ခြင်း​ကို ထို​ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​ဘု​ရား​မျှ မ​ပြု​နိုင်​ဟု မိန့်​တော်​မူ​ပြီး​မှ၊

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.