Pular para o conteúdo
Publicidade

ဒေသနာ 3

ခပ်​သိမ်း​သော​အ​မှု​အ​တွက်​အ​ချိန်

1 ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​သည် မိ​မိ​တို့​အ​ချိန်​ရှိ၏။ မိုး​ကောင်း​ကင်​အောက်၌ ကြံ​စည်​သ​မျှ အ​သီး​အ​သီး​တို့​ကို ပြု​ရ​သော​အ​ချိန်​ရှိ၏။ 2 ဖွား​ချိန်​နှင့် သေ​ချိန်​လည်း​ရှိ၏။ စိုက်​ပျိုး​ရ​သော​အ​ချိန်​နှင့် စိုက်​ပျိုး​ရ​သော​အ​ရာ​ကို နုတ်​ရ​သော​အ​ချိန်​လည်း ရှိ၏။ 3 သတ်​ရ​သော​အ​ချိန်​နှင့် အ​နာ​ပျောက်​စေ​ရ​သော အ​ချိန်​လည်း​ရှိ၏။ ဖြို​ဖျက်​ရ​သော​အ​ချိန်​နှင့် တည်​ဆောက်​ရ​သော အ​ချိန်​လည်း​ရှိ၏။ 4 ငို​ရ​သော​အ​ချိန်​နှင့် ရယ်​ရ​သော​အ​ချိန်​လည်း​ရှိ၏။ ညည်း​တွား​ရ​သော​အ​ချိန်​နှင့် က​ခုန်​ရ​သော​အ​ချိန်​လည်း ရှိ၏။ 5 ကျောက်​တို့​ကို ဖြန့်​ကြဲ​ရ​သော​အ​ချိန်​နှင့် စု​သိမ်း​ရ​သော အ​ချိန်​လည်း​ရှိ၏။ ဖက်​ယမ်း​ရ​သော​အ​ချိန်​နှင့်၊ မ​ဖက်​ယမ်း​ဘဲ ခွဲ​ခွာ၍ နေ​ရ​သော​အ​ချိန်​လည်း​ရှိ၏။ 6 ဆည်း​ပူး​ရ​သော​အ​ချိန်​နှင့် ဥ​စ္စာ​ပျောက်​ရ​သော အ​ချိန်​လည်း ရှိ၏။ သို​ထား​ရ​သော​အ​ချိန်​နှင့် ပစ်​လိုက်​ရ​သော​အ​ချိန်​လည်း ရှိ၏။ 7 အ​ဝတ်​ကို ဆုတ်​ရ​သော​အ​ချိန်​နှင့် ချုပ်​ရ​သော​အ​ချိန်​လည်း​ရှိ၏။ တိတ်​ဆိတ်​စွာ​နေ​သော​အ​ချိန်​နှင့်၊ စ​ကား​ပြော​ရ​သော အ​ချိန်​လည်း​ရှိ၏။ 8 ချစ်​ရ​သော​အ​ချိန်​နှင့် မုန်း​ရ​သော​အ​ချိန်​လည်း ရှိ၏။ စစ်​တိုက်​သော​အ​ချိန်​နှင့် စစ်​ငြိမ်း​ရ​သော​အ​ချိန်​လည်း ရှိ၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também