Pular para o conteúdo
Publicidade

ဒေသနာ 4

မိတ်​ဆွေ၏​တန်​ဖိုး

9 လူ​သည် တစ်​ယောက်​တည်း​ထက် နှစ်​ယောက်​သာ၍​ကောင်း၏။ ကြိုး​စား​အား​ထုတ်​လျှင်၊ ကောင်း​သော​အ​ကျိုး​ကို ရ​တတ်၏။ 10 တစ်​ယောက်​လဲ​လျှင် တစ်​ယောက်​ထူ​လိမ့်​မည်။ တစ်​ယောက်​တည်း​သော​သူ လဲ​လျှင်​မူ​ကား အ​ကျိုး​နည်း​ပြီ။ ထူ​သော​သူ မ​ရှိ။ 11 လူ​သည်​နှစ်​ယောက်​အ​တူ​အိပ်​လျှင် နွေး​တတ်၏။ တစ်​ယောက်​တည်း​သော​သူ​မူ​ကား၊ အ​ဘယ်​သို့ နွေး​နိုင်​သ​နည်း။ 12 လူ​တစ်​ယောက်​သည် တစ်​ယောက်​ကို​နိုင်​လျှင် ထို​လူ​ကို နှစ်​ယောက်​ဆီး​တား​နိုင်၏။ သုံး​လွန်း​တင်​သော ကြိုး​သည်​လည်း အ​လွယ်​တ​ကူ မ​ပြတ်​တတ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também