Pular para o conteúdo
Publicidade

ဧဖက် 2

19 ထို​ကြောင့်၊ သင်​တို့​သည် တစ်​ကျွန်း​တစ်​နိုင်​ငံ​သား မ​ဟုတ်၊ ဧည့်​သည်​လည်း မ​ဟုတ်၊ သန့်​ရှင်း​သူ​တို့၏ အ​မျိုး​သား​ချင်း ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​အိမ်​တော်​သား​လည်း ဖြစ်​ကြ၏။- 20 အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ တ​မန်​တော်​တို့​မှ​စ၍ ပ​ရော​ဖက်​များ​တည်း​ဟူ​သော တိုက်​မြစ်​အ​ပေါ်၌ သင်​တို့​သည် ထပ်​ဆင့်၍ တည်​ဆောက်​လျက်​ရှိ​ကြ၏။- 21 ထို​တိုက်​ထောင့်​အ​မြစ်​ကျောက်​ကား၊ ယေ​ရှု​ခ​ရစ်​ဖြစ်​သ​တည်း။ ထို​ကျောက်​နှင့် တစ်​တိုက်​လုံး​သည် စေ့​စပ်၍ ကြီး​ပွား​သ​ဖြင့်၊ သ​ခင်​ဘု​ရား​အ​ဖို့ အ​လို​ငှာ သန့်​ရှင်း​သော ဗိ​မာန်​တော်​ဖြစ်၏။- 22 ထို​ဗိ​မာန်​တော်၌​လည်း၊ ဘု​ရား​သ​ခင်​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ကျိန်း​ဝပ်​တော်​မူ​ခြင်း​အ​လို​ငှာ၊ သင်​တို့​သည် ငါ​တို့​နှင့်​အ​တူ တည်​ဆောက်​လျက်​ရှိ​ကြ၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também