Pular para o conteúdo
Publicidade

ဧဖက် 5

25 အ​ချင်း​ယောက်ျား​တို့၊ ခ​ရစ်​တော်​သည် အ​သင်း​တော်​ကို ချစ်​တော်​မူ​သ​ကဲ့​သို့၊ သင်​တို့​လည်း ကိုယ်​ခင်​ပွန်း​ကို ချစ်​ကြ​လော့။- 26,27 ထို​အ​သင်း​တော်​သည် သန့်​ရှင်း​လျက် အ​ပြစ်​ကင်း​လျက်​ရှိ​သည် ဖြစ်၍၊ အ​ညစ်​အ​ကြေး​တင်​ခြင်း၊ အ​ရေ​တွန့်​ခြင်း​မှ စ​သည်​တို့​နှင့် လွတ်​လပ်​သ​ဖြင့်၊ အ​သ​ရေ​တင့်​တယ်​လျက် ရှိ​သော အ​သင်း​တော်​ကို ခ​ရစ်​တော်​သည် မိ​မိ​အား ဆက်​သ​အံ့​သော​ငှာ၊ နှုတ်​က​ပတ်​တော်​ရေ၌ ဆေး​ကြော ခြင်း​အား​ဖြင့် စင်​ကြယ်​သန့်​ရှင်း စေ​မည်​အ​ကြောင်း၊ ထို​အ​သင်း​တော်​အ​ဖို့ အ​လို​ငှာ ကိုယ်​ကို​ကိုယ်​စွန့်​တော်​မူ၏။- 28 ထို​နည်း​တူ ယောက်ျား​တို့​သည် မိ​မိ​ကိုယ်​ကို ချစ်​သ​ကဲ့​သို့ မိ​မိ​ခင်​ပွန်း​တို့​ကို​ချစ်​ရ​ကြ​မည်။ ခင်​ပွန်း​ကို ချစ်​သော​သူ​သည် ကိုယ်​ကို​ချစ်​သော​သူ​ဖြစ်၏။- 29 ကိုယ်​အ​သား​ကို မုန်း​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ခ​ရစ်​တော်​သည် အ​သင်း​တော်​ကို ကျွေး​မွေး​ပြု​စု​တော်​မူ သ​ကဲ့​သို့၊ ခပ်​သိမ်း​သော​သူ​တို့​သည် မိ​မိ​တို့​အ​သား​ကို ကျွေး​မွေး​ပြု​စု​တတ်​ကြ၏။-

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também