6 ခရစ်တော်၏ ကျေးဇူးအားဖြင့် သင်တို့ကို ခေါ်တော်မူသောသူနှင့် ဤမျှလောက်မြန်မြန်ခွာ၍ သင်တို့သည် အခြားသော ဧဝံဂေလိတရားကို ခံယူကြသောကြောင့် ငါသည်အံ့ဩခြင်းရှိ၏။- 7 ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရားမဟုတ်။ သင်တို့ကို နှောင့်ယှက်၍ ခရစ်တော်၏ ဧဝံဂေလိတရားကို မှောက်လှန်ချင်သောသူ အချို့ရှိကြ၏။- 8 သို့သော်လည်း၊ သင်တို့အားငါဟောပြောသော ဧဝံဂေလိတရားမှတစ်ပါး အခြားသောဧဝံဂေလိတရားကို ငါတို့သည် ဟောပြောသော်လည်းကောင်း၊ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန် ဟောပြောသော်လည်းကောင်း၊ ဟောပြောသောသူသည် ကျိန်တော်မူခြင်းကိုခံစေ။- 9 တစ်ဖန်တုံ၊ သင်တို့ခံယူပြီးသော ဧဝံဂေလိတရားမှတစ်ပါး အခြားသော ဧဝံဂေလိတရားကို တစ်စုံတစ်ယောက်သောသူ ဟောပြောလျှင်၊ ထိုသူသည် ကျိန်တော်မူခြင်းကို ခံစေဟု ငါတို့ဆိုခဲ့ပြီးသည်အတိုင်း ယခုငါထပ်၍ဆိုသေး၏။-
Publicidade
Gálatas 1
အခြားသောဧဝံဂေလိတရားမရှိ