Pular para o conteúdo
Publicidade

ဟေဗြဲ 10

ခ​ရစ်​တော်၏​တစ်​ခါ​တည်း​ပူ​ဇော်​ခြင်း

1 တစ်​နည်း​ကား၊ ပ​ညတ်​တ​ရား​သည် နောက်​ဖြစ်​လ​တ္တံ့​သော မင်္ဂ​လာ​အ​ကျိုး​တို့၏ သေ​ချာ​သော ပုံ​သ​ဏ္ဌာန်​ကို​မ​ပြ၊ အ​ရိပ်​ကို​သာ​ပြ​သည်​ဖြစ်၍၊ နှစ်​စဉ်​မ​ပြတ် ပူ​ဇော်​သော​ယဇ်​အား​ဖြင့် အ​ထံ​တော်​သို့ ချဉ်း​ကပ်​သော​သူ​တို့​ကို စုံ​လင်​ခြင်း​အ​ဖြစ်၌ မ​တည်​စေ​နိုင်​ရာ။- 2 တည်​စေ​နိုင်​လျှင်၊ ဝတ်​ပြု​သော​သူ​တို့​သည် တစ်​ခါ​တည်း​နှင့် စင်​ကြယ်​ခြင်း​သို့ ရောက်​ပြီး​မှ၊ နောက်​တစ်​ဖန် သံ​ဝေ​ဂ​တ​ရား​ရ​စ​ရာ​အ​ကြောင်း အ​လျှင်း​မ​ရှိ​သည်​ဖြစ်​သော​ကြောင့်၊ ထို​ယဇ်​တို့​ကို တစ်​ခါ​တည်း​သာ​ပူ​ဇော်၍၊ နောက်​တစ်​ဖန် မ​ပူ​ဇော်​ဘဲ​နေ​ရ​ကြ​မည် မ​ဟုတ်​လော။- 3 ယ​ခု​မူ​ကား ယဇ်​ပူ​ဇော်​သည်​တွင် အ​ပြစ်​များ​ကို နှစ်​တိုင်း အောက်​မေ့​ခြင်း​ရှိ၏။- 4 အ​ကြောင်း​မူ​ကား၊ နွား၊ ဆိတ်၏​အ​သွေး​သည် အ​ပြစ်​ကို မ​ပယ်​နိုင်​ရာ။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também