22 သင်တို့သည် ဇိအုန်တောင်သို့လည်းကောင်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ မြို့တော်တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့သို့လည်းကောင်း၊ အတိုင်းမသိ များစွာသော ကောင်းကင်တမန်တို့၏ စည်းဝေးခြင်းသို့လည်းကောင်း၊- 23 ကောင်းကင်စာရင်း၌ဝင်သော သားဦးတို့၏ အသင်းတော်သို့လည်းကောင်း၊ ခပ်သိမ်းသောသူတို့ကို တရားစီရင်တော်မူသော ဘုရားသခင် အထံတော်သို့လည်းကောင်း၊ စုံလင်ခြင်းသို့ရောက်သော သူတော်ကောင်းတို့၏ စိတ်ဝိညာဉ်တို့ ထံသို့လည်းကောင်း၊- 24 ပဋိညာဉ်တရားသစ်၏ အာမခံတည်းဟူသော ယေရှုထံတော်သို့လည်းကောင်း၊ အာဗေလ၏အသွေး ပြောဆိုသောအရာထက် သာ၍ မြတ်သောအရာကို ပြောဆိုသော ဖျန်းဆွတ်ခြင်း၏ အသွေးထံသို့လည်းကောင်း ရောက်ကြ၏။
Publicidade