17 ငါသည် ကိုယ်အသက်ကိုစွန့်၍ နောက်တစ်ဖန် ယူဦးမည်ဖြစ်သောကြောင့်၊ ငါ့ခမည်းတော်သည် ငါ့ကို ချစ်တော်မူ၏။- 18 ငါ့အသက်ကို အဘယ်သူမျှ မလုမယူ။ ကိုယ်အလိုအလျောက် ငါစွန့်၏။ ကိုယ်အသက်ကို စွန့်ရသောအခွင့်နှင့် နောက်တစ်ဖန် ကိုယ်အသက်ကို ယူပြန်ရသောအခွင့်သည် ငါ၌ရှိ၏။ ထိုအခွင့်ကို ခမည်းတော်သည် ပေးတော်မူပြီဟု မိန့်တော်မူ၏။-