Pular para o conteúdo
Publicidade

ရှင်ယောဟန် 16

7 ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​သွား​လျှင် သင်​တို့​အ​ကျိုး​ရှိ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​မ​သွား​လျှင် ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​သည် သင်​တို့​ဆီ​သို့​မ​လာ။ ငါ​သွား​လျှင် ထို​သူ​ကို သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်​မည်။- 8 ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​သည် ရောက်​လာ​လျှင်၊ ဒု​စ​ရိုက်​အ​ပြစ်​ကို​လည်း​ကောင်း၊ အ​ပြစ်​ကင်း​ခြင်း​ကို​လည်း​ကောင်း၊ အ​ပြစ်​စီ​ရင်​ခြင်း​ကို​လည်း​ကောင်း၊ လော​ကီ​သား​တို့​အား ထင်​ရှား​စွာ​ဖော်​ပြ​မည်။- 9 ငါ့​ကို မ​ယုံ​ကြည်​ကြ​သော​ကြောင့် ဒု​စ​ရိုက်​အ​ပြစ်​ကို ဖော်​ပြ​မည်။- 10 ငါ​သည် ခ​မည်း​တော်​ထံ​သို့ သွား​မည်​ဖြစ်၍၊ သင်​တို့​သည် နောက်​တစ်​ဖန် ငါ့​ကို​မ​တွေ့​မ​မြင်​ရ​သော​ကြောင့်၊ အ​ပြစ်​ကင်း​ခြင်း​ကို ဖော်​ပြ​မည်။- 11 ဤ​လော​က​ကို အ​စိုး​ရ​သော​မင်း​သည် အ​ပြစ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​သော​ကြောင့် အ​ပြစ်​စီ​ရင်​ခြင်း​ကို​ဖော်​ပြ​မည်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também