11 ယခုမှစ၍အကျွန်ုပ်သည် ဤလောက၌မရှိပါ၊ ဤသူတို့မူကား၊ ဤလောက၌ ရှိရစ်ရကြပါမည်။ အကျွန်ုပ်သည် ကိုယ်တော်ထံသို့ သွားရပါမည်။ သန့်ရှင်းတော်မူသောအဘ၊ ကိုယ်တော်နှင့် အကျွန်ုပ်သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ အကျွန်ုပ်အား ပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါမည်အကြောင်း၊ သူတို့ကို ကိုယ်တော်၏ နာမ၌တည်စေတော်မူပါ။- 12 အကျွန်ုပ်သည် ဤလောက၌ ဤသူတို့နှင့်တကွ ရှိစဉ်ကာလ၊ သူတို့ကိုကိုယ်တော်၏နာမ၌ တည်စေပါပြီ။ အကျွန်ုပ်အား ပေးတော်မူသောသူတို့ကို အကျွန်ုပ်စောင့်မပါပြီ။ ထိုသူတို့တွင် ပျက်စီးခြင်း၏သားတစ်ယောက်မှတစ်ပါး အဘယ်သူမျှ ပျက်စီးခြင်းသို့မရောက်ပါ။ ထိုသူသည် ပျက်စီးခြင်းသို့ ရောက်သည်အကြောင်းကား၊ ကျမ်းစာ ပြည့်စုံမည်အကြောင်းတည်း။ဆာ၊ ၄၁:၉။ ယော၊ ၁၃:၁၈။