Pular para o conteúdo
Publicidade

ရှင်ယောဟန် 20

19 ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက်​ဖြစ်​သော ထို​နေ့၌ ည​အ​ချိန်​ရောက်​သော​အ​ခါ၊ ယု​ဒ​လူ​တို့​ကို​ကြောက်၍ တံ​ခါး​များ​ကို​ပိတ်​ထား​လျက်၊ တ​ပည့်​တော်​တို့​သည် စည်း​ဝေး​ကြ​သော​အ​ရပ်​သို့ ယေ​ရှု​သည်​ကြွ​လာ၍ အ​လယ်​မှာ ရပ်​တော်​မူ​လျက်၊ သင်​တို့၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​တည်း​ဟု မိန့်​တော်​မူ၏။- 20 ထို​သို့​မိန့်​တော်​မူ​ပြီး​မှ လက်​တော်​နှင့် နံ​ဘေး​တော်​ကို ပြ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည် သ​ခင်​ကို​မြင်​လျှင် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ၏။- 21 တစ်​ဖန် ယေ​ရှု​က၊ သင်​တို့၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း။ ခ​မည်း​တော်​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​နည်း​တူ၊ သင်​တို့​ကို ငါ​စေ​လွှတ်​သည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊- 22 ထို​သူ​တို့​အ​ပေါ်၌ မှုတ်​လျက်၊ သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခံ​ကြ​လော့။- 23 အ​ကြင်​သူ၏​အ​ပြစ်​ကို သင်​တို့​လွှတ်​လျှင်၊ ထို​သူ​သည် အ​ပြစ်​လွတ်​လျက်​ရှိ၏။ အ​ကြင်​သူ၏​အ​ပြစ်​ကို သင်​တို့​တည်​စေ​လျှင်၊ ထို​သူ​သည် အ​ပြစ်​တည်​လျက်​ရှိ၏​ဟု မိန့်​တော်​မူ၏။မ၊ ၁၆:၁၉၊၁၈:၁၈။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.