Pular para o conteúdo
Publicidade

ရှင်ယောဟန် 4

46 ရေ​ကို စ​ပျစ်​ရည်​ဖြစ်​စေ​သော​အ​ရပ်၊ ဂါ​လိ​လဲ​ပြည်​ကာ​န​မြို့​သို့ တစ်​ဖန်​ကြွ​တော်​မူ၏။ က​ပေ​ရ​နောင်​မြို့၌ အ​မတ်​တစ်​ယောက်၏​သား​သည် အ​နာ​ရော​ဂါ​စွဲ​လျက်​ရှိ၏။-ယော၊ ၂:၁-၁၁။47 ယေ​ရှု​သည်​ယု​ဒ​ပြည်​မှ​ဂါ​လိ​လဲ​ပြည်​သို့ ရောက်​တော်​မူ​သည်​ကို ထို​အ​မတ်​သည်​ကြား​လျှင်၊ အ​ထံ​တော်​သို့ သွား၍ သေ​ခါ​နီး​ဖြစ်​သော မိ​မိ​သား​ဆီ​သို့​ကြွ၍ အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​လေ၏။- 48 ယေ​ရှု​က​လည်း၊ သင်​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို မ​မြင်​ရ​လျှင် ယုံ​ခြင်း​မ​ရှိ​ကြ​ဟု မိန့်​တော်​မူ​သော်၊- 49 သ​ခင်၊ အ​ကျွန်ုပ်​သား​မ​သေ​မီ​ကြွ​တော်​မူ​ပါ​ဟု အ​မတ်​လျှောက်​ပြန်၏။- 50 ယေ​ရှု​က​လည်း၊ သွား​လော့။ သင်၏​သား​သည် အ​သက်​ချမ်း​သာ​ရ​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​အ​မတ်​သည် ယေ​ရှု​မိန့်​တော်​မူ​သော​စ​ကား​ကို ယုံ၍​သွား​လေ၏။- 51 လမ်း၌​သွား​စဉ်​တွင် မိ​မိ​ငယ်​သား​တို့​သည် ခ​ရီး​ဦး​ကြို​လာ၍၊ ကိုယ်​တော်၏​သား​သည် အ​သက်​ချမ်း​သာ​ရ​ပါ​ပြီ​ဟု ကြား​လျှောက်​ကြ၏။- 52 အ​ဘယ်​အ​ချိန်၌ သက်​သာ​ခြင်း​သို့ ရောက်​သ​နည်း​ဟု မေး​လျှင်၊ မ​နေ့​ခု​နစ်​နာ​ရီ​အ​ချိန်၌ ဖျား​နာ​ပျောက်​ပါ​သည်​ဟု လျှောက်​ကြ၏။- 53 ထို​အ​ချိန်​ကား၊ သင်၏​သား​သည် အ​သက်​ချမ်း​သာ​ရ​ပြီ​ဟု ယေ​ရှု​မိန့်​တော်​မူ​သော အ​ချိန်​ဖြစ်​သည်​ကို အ​ဘ​သိ၍၊ ကိုယ်​တိုင်​မှ​စ​သော မိ​မိ၏​အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည် ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ၏။- 54 ဤ​နိ​မိတ်​လ​က္ခ​ဏာ​တော်​ကား၊ ယေ​ရှု​သည် ယု​ဒ​ပြည်​မှ ဂါ​လိ​လဲ​ပြည်​သို့ ကြွ​သည်​နောက်၊ ပြ​တော်​မူ​သော ဒု​တိ​ယ​နိ​မိတ်​လ​က္ခ​ဏာ ဖြစ်​သ​တည်း။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.