Pular para o conteúdo
Publicidade

ရှင်ယောဟန် 7

14 ထို​ပွဲ​ကို ခံ​စဉ်​တွင်၊ ယေ​ရှု​သည် ဗိ​မာန်​တော်​သို့​တက်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏၊- 15 ယု​ဒ​လူ​တို့​သည် အံ့​ဩ၍၊ ဤ​သူ​သည် စာ​မ​သင်​ဘဲ​လျက် အ​ဘယ်​သို့ တတ်​ဘိ​သ​နည်း​ဟု ဆို​ကြ၏။- 16 ယေ​ရှု​က​လည်း၊ ငါ​ဟော​သော​ဒေ​သ​နာ​သည် ငါ၏​ဒေ​သ​နာ​မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော သူ၏​ဒေ​သ​နာ​ဖြစ်၏။- 17 ထို​သူ၏​အ​လို​တော်​သို့ လိုက်​ချင်​သော​သူ​မည်​သည်​ကား၊ ဤ​ဒေ​သ​နာ​သည် ဘု​ရား​သ​ခင်၏ ဒေ​သ​နာ​တော်​ဖြစ်​သ​လော၊ ငါ​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​သ​လော​ဟု ပိုင်း​ခြား၍​သိ​လိမ့်​မည်။- 18 ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​သော​သူ​သည် မိ​မိ​ဘုန်း​အ​သ​ရေ​ကို ရှာ​တတ်၏။ မိ​မိ​ကို​စေ​လွှတ်​တော်​မူ​သော​သူ၏ ဘုန်း​အ​သ​ရေ​ကို ရှာ​သော​သူ​မူ​ကား၊ ယုံ​လောက်​သော​သူ​ဖြစ်၏။ ထို​သူ၌ မု​သား​မ​ရှိ။-

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também