7 ထိုသူတို့သည် အထပ်ထပ်မေးလျှောက်ကြသောအခါ ကိုယ်ကိုလှန်တော်မူ၍၊ သင်တို့တွင် အပြစ်ကင်းသောသူသည် ရှေ့ဦးစွာ ကျောက်ခဲနှင့်ပစ်စေဟု မိန့်တော်မူပြီးမှ၊- 9 ထိုသူတို့သည်ကြားရလျှင် မိမိတို့စိတ်နှလုံးသည် မိမိတို့အပြစ်ကို ဖော်ပြသဖြင့်၊ အသက်ကြီးသောသူမှစ၍ အငယ်ဆုံးသောသူတိုင်အောင် တစ်ယောက်နောက်တစ်ယောက် ထွက်သွားကြ၏။ ယေရှုသည် တစ်ယောက်တည်း ကျန်ရစ်တော်မူ၍၊ မိန်းမသည် အလယ်၌ရပ်နေ၏။-