Pular para o conteúdo
Publicidade

ယေရမိ 3

14 အို ဖောက်​ပြန်​သော သူ​ငယ်​တို့၊ ပြန်​လာ​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ငါ​သည် သင်​တို့​ကို ရွံ​ရှာ​ဖူး​သော်​လည်း၊ သင်​တို့​မြို့​များ​ထဲ​က တစ်​မြို့​လျှင် လူ​တစ်​ယောက်၊ အ​မျိုး​သား​ချင်း​အ​စု​စု​ထဲ​က တစ်​စု​လျှင် လူ​နှစ်​ယောက်​ကို ရွေး​ယူ၍ ဇိ​အုန်​မြို့​သို့ ပို့​ဆောင်​မည်။ 15 ငါ​သည် နှစ်​သက်​သော​သူ​တို့​ကို သင်း​အုပ်​အ​ရာ၌ ခန့်​ထား၍၊ သူ​တို့​သည် ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ​လျက် သင်​တို့​ကို အုပ်​ကြ​လိမ့်​မည်။ 16 ထို​ကာ​လ​တွင် သင်​တို့​သည် ပြည်​တော်၌ တိုး​ပွား​များ​ပြား​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ဟူ၍ နောက်​တစ်​ဖန် မ​ပြော​မ​ဆို​ရ။ ထို​သေ​တ္တာ​တော်​ကို စိတ်​မ​စွဲ​လမ်း၊ မ​အောက်​မေ့၊ မ​ပြု​စု​ရ။ နောက်​တစ်​ဖန်​မ​လုပ်​ရ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.