Pular para o conteúdo
Publicidade

ရှင်လုကာ 1

30 ကောင်း​ကင်​တ​မန်​က​လည်း၊ မာ​ရိ၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ သင်​သည် ဘု​ရား​သ​ခင်​ရှေ့​တော်၌ မျက်​နှာ​ရ​ပြီ။- 31 သင်​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို ယေ​ရှု​အ​မည်​ဖြင့် မှည့်​ရ​မည်။-မ၊ ၁:၂၁။32 ထို​သား​သည်​ကား၊ ကြီး​မြတ်​သော​သူ ဖြစ်​လိမ့်​မည်။ အ​မြင့်​ဆုံး​သော ဘု​ရား၏​သား​တော်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သူ့​အ​ဘ​ဒါ​ဝိဒ်၏ ရာ​ဇ​ပ​လ္လင်​ကို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သူ့​အား​ပေး​တော်​မူ​မည်။-၄​ရာ၊၇:၁၂၊၁၃၊၁၆၊ ဟေ​ရှာ၊၉:၇။33 ထို​သူ​သည်​လည်း ယာ​ကုပ်​အ​မျိုး​အ​နွယ်​ကို အ​စဉ်​မ​ပြတ် အုပ်​စိုး​လိမ့်​မည်။ သူ၏​နိုင်​ငံ​သည်​လည်း ဆုံး​ခြင်း​မ​ရှိ​ရ​ဟု ပြော​ဆို၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também