59 ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးခြင်းကို သူငယ်အားပေးအံ့သောငှာ လာကြ၍၊ အဘ၏အမည်ဖြစ်သော ဇာခရိအမည်ဖြင့် မှည့်သောအခါ အမိက၊ ထိုသို့မမှည့်ရ။-ဝတ်၊ ၁၂:၃။60 ယောဟန်အမည်ဖြင့် မှည့်ရမည်ဟုဆိုလျှင်၊ သူတို့က၊- 61 ယောဟန်အမည်ဖြင့် သင်၏အဆွေအမျိုးတွင် တစ်ယောက်ကိုမျှ မမှည့်ဟုဆို၍၊- 62 အဘသည် အဘယ်သို့မှည့်စေလိုသနည်းဟု အမှတ်အားဖြင့် မေးကြ၏။- 63 အဘသည်လည်း သင်ပုန်းကိုတောင်း၍၊ သူ၏အမည်ကား ယောဟန်ဖြစ်၏ဟု ရေးလေသော်၊ ထိုသူအပေါင်းတို့သည် အံ့ဩခြင်းရှိကြ၏။-