Pular para o conteúdo
Publicidade

ရှင်လုကာ 10

ကောင်း​သော​ရှ​မာ​ရိ​ဥ​ပ​မာ

25 တစ်​ရံ​ရော​အ​ခါ ကျမ်း​တတ်​တစ်​ယောက်​သည် ထ၍၊ အ​ရှင်​ဘု​ရား၊ ထာ​ဝ​ရ​အ​သက်​ကို အ​မွေ​ခံ​ရ​အံ့​သော​ငှာ အ​ကျွန်ုပ်​သည် အ​ဘယ်​အ​မှု​ကို ပြု​ရ​ပါ​မည်​နည်း​ဟု ကိုယ်​တော်​ကို စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ မေး​လျှောက်​သော်၊-မ၊ ၂၂:၃၅-၄၀။ မာ၊ ၁၂:၂၈-၃၄။26 ကိုယ်​တော်​က၊ ပ​ည​တ္တိ​ကျမ်း၌ အ​ဘယ်​သို့​လာ​သ​နည်း။ သင်​သည်​အ​ဘယ်​သို့ ဖတ်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊- 27 ထို​သူ​က၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့၊ အ​စွမ်း​သ​တ္တိ​ရှိ​သ​မျှ၊ ဉာဏ်​ရှိ​သ​မျှ​နှင့် ချစ်​လော့။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ ချစ်​လော့​ဟု ပြန်​လျှောက်​လေ၏။-ဝတ်၊ ၁၉:၁၈။ တ​ရား၊၆:၅။28 ကိုယ်​တော်​က​လည်း၊ သင်၏​စ​ကား​သည် မှန်​ပေ၏။ ထို​သို့​ပြု​လျှင် အ​သက်​ကို​ရ​မည်​ဟု မိန့်​တော်​မူ၏။-ဝတ်၊ ၁၈:၅။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também