20 ထ၍ အဘထံသို့ သွားလေ၏။ သွား၍ ဝေးသေးသောအခါ အဘသည် သူ့ကိုမြင်လျှင်၊ သနားသော စိတ်ရှိသည်နှင့် ပြေးသွား၍ သား၏လည်ပင်းကို ပိုက်ဖက်လျက် နမ်းရှုပ်လေ၏။- 21 သားကလည်း၊ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်တော်ကိုလည်းကောင်း ပြစ်မှားပါပြီ။ ယခုမှစ၍ ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကို မခံထိုက်ပါဟုဆိုလျှင်၊- 22 အဘက၊ မြတ်သောဝတ်လုံကို ယူခဲ့၍ သူ့ကိုခြုံကြ၊ သူ၏လက်၌ လက်စွပ်တန်ဆာကို ဆင်ကြ။- 23 ခြေနင်းကိုလည်း စီးစေကြ။ ဆူအောင်ကျွေးသော နွားကလေးကို ယူ၍သတ်ကြ။ သို့ပြီးမှ ငါတို့သည် စားကြကုန်အံ့။ ပျော်မွေ့ခြင်းကို ပြုကြကုန်အံ့။-