Pular para o conteúdo
Publicidade

ရှင်လုကာ 16

သူ​ဌေး​နှ​င့်​လာ​ဇ​ရု

19 တစ်​ဖန်​တုံ၊ သူ​ဌေး​တစ်​ယောက်​သည် နီ​မောင်း​သော က​မ္ဗ​လာ​နှင့်​ပိတ်​ချော​ကို ဝတ်​ဆင်၍၊ ကာ​မ​ဂုဏ်​စည်း​စိမ်၌ နေ့​တိုင်း ပျော်​မွေ့​လျက်​နေ၏။- 20 လာ​ဇ​ရု​အ​မည်​ရှိ​သော သူ​ဆင်း​ရဲ​တစ်​ယောက်​သည် တစ်​ကိုယ်​လုံး၌ အ​နာ​စိမ်း​ပေါက်၍၊- 21 သူ​ဌေး၏​စား​ပွဲ​မှ​ကျ​သော စား​နုပ်​စား​ပေါက်​ကို စား​ပါ​ရ​စေ​ဟု တောင့်​တ​သော​စိတ်​နှင့် သူ​ဌေး​အိမ် တံ​ခါး​နား​မှာ တုံး​လုံး​နေ၏။ ခွေး​တို့​သည်​လာ၍ အ​နာ​စိမ်း​များ​ကို လျက်​ကြ၏။- 22 တစ်​နေ့​သ၌ ထို​ဆင်း​ရဲ​သား​သည် သေ​လွန်၍၊ ကောင်း​ကင်​တ​မန်​တို့​သည် အာ​ဗြ​ဟံ၏​ရင်​ခွင်​သို့ ပို့​ဆောင်​ကြ၏။ သူ​ဌေး​သည်​လည်း သေ​လွန်၍ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​လေ၏။- 23 မ​ရ​ဏ​နိုင်​ငံ၌ ပြင်း​ပြ​စွာ​သော​ဝေ​ဒ​နာ​ကို​ခံ​ရ​လျက် မျှော်​ကြည့်၍၊ အာ​ဗြ​ဟံ​ကို​လည်း​ကောင်း၊ အာ​ဗြ​ဟံ၏ ရင်​ခွင်၌ လာ​ဇ​ရု​ကို​လည်း​ကောင်း အ​ဝေး​က​မြင်​လျှင်၊- 24 အို အ​ဘ​အာ​ဗြ​ဟံ၊ အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဤ​မီး​လျှံ၌ ပြင်း​စွာ​ခံ​ရ​သော​ကြောင့်၊ လာ​ဇ​ရု​သည် မိ​မိ​လက်​ဖျား​ကို ရေ၌​နှစ်၍ အ​ကျွန်ုပ်​လျှာ​ကို အေး​စေ​ခြင်း​ငှာ သူ့​ကို အ​ကျွန်ုပ်​ရှိ​ရာ​သို့ စေ​လွှတ်​တော်​မူ​ပါ​ဟု ဟစ်​ကြော်​လေ၏။- 25 အာ​ဗြ​ဟံ​က​လည်း၊ ငါ့​သား၊ သင်​သည် အ​သက်​ရှင်​စဉ်​အ​ခါ ချမ်း​သာ​ရ​သည်​ကို​လည်း​ကောင်း၊ လာ​ဇ​ရု​သည် ဆင်း​ရဲ​စွာ နေ​ရ​သည်​ကို​လည်း​ကောင်း အောက်​မေ့​လော့။ ယ​ခု​မူ​ကား၊ သူ​သည် သက်​သာ​ခြင်း​ရှိ၏။ သင်​သည် ဒု​က္ခ​ဝေ​ဒ​နာ​ကို ခံ​ရ၏။- 26 ထို​မှ​တစ်​ပါး၊ ငါ​တို့​နှင့် သင်​တို့​စပ်​ကြား၌ အ​လွန်​နက်​လှ​သော ချောက်​ကြီး တည်​လျက်​ရှိ၏။ ထို​ကြောင့် ဤ​အ​ရပ်​မှ​သင်​တို့​ရှိ​ရာ​သို့ ကူး​ချင်​သော​သူ မ​ကူး​နိုင်။ ထို​အ​ရပ်​မှ ငါ​တို့​ရှိ​ရာ​သို့ ကူး​ချင်​သော​သူ​လည်း မ​ကူး​နိုင်​ဟု ဆို၏။- 27 သူ​ဌေး​က​လည်၊ အို အ​ဘ၊ ထို​သို့​မှန်​လျှင်၊- 28 အ​ကျွန်ုပ်၌ ညီ​ငါး​ယောက်​ရှိ​ပါ​သည် ဖြစ်၍၊ သူ​တို့​သည် ဤ​ပြင်း​ပြ​စွာ ခံ​ရာ​အ​ရပ်​သို့ မ​ရောက်​မည်​အ​ကြောင်း၊ သူ​တို့​အား သက်​သေ​ခံ​စေ​ခြင်း​ငှာ၊ လာ​ဇ​ရု​ကို အ​ကျွန်ုပ်​အ​ဘ၏​အိမ်​သို့ စေ​လွှတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု ပြော​ဆို​လျှင်၊- 29 အာ​ဗြ​ဟံ​က၊ သင်၏​ညီ​တို့၌ မော​ရှေ​မှ​စ၍ ပ​ရော​ဖက်​များ ရှိ​ကြ၏။ ပ​ရော​ဖက်​တို့၏ စ​ကား​ကို နား​ထောင်​ကြ​စေ​ဟု ဆို၏။- 30 သူ​ဌေး​က​လည်း၊ မ​ဟုတ်​ပါ အ​ဘ​အာ​ဗြ​ဟံ။ သေ​သော​လူ​စု​ထဲ​က တစ်​ယောက်​သော​သူ​သည် ထ​မြောက်၍ သူ​တို့​ရှိ​ရာ​သို့ သွား​လျှင်၊ သူ​တို့​သည် နောင်​တ​ရ​ကြ​ပါ​လိမ့်​မည်​ဟု ဆို​သော်၊- 31 အာ​ဗြ​ဟံ​က၊ သူ​တို့​သည် မော​ရှေ၏​စ​ကား၊ ပ​ရော​ဖက်​တို့၏​စ​ကား​ကို နား​မ​ထောင်​လျှင်၊ တစ်​ယောက်​သော​သူ​သည် သေ​ခြင်း​မှ ထ​မြောက်​သော်​လည်း မ​ယုံ​ကြည်​နိုင်​ကြ​ဟု အာ​ဗြ​ဟံ​ဆို​သည်​ဟု မိန့်​တော်​မူ၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também