Pular para o conteúdo
Publicidade

ရှင်လုကာ 16:26-31

26 ထို​မှ​တစ်​ပါး၊ ငါ​တို့​နှင့် သင်​တို့​စပ်​ကြား၌ အ​လွန်​နက်​လှ​သော ချောက်​ကြီး တည်​လျက်​ရှိ၏။ ထို​ကြောင့် ဤ​အ​ရပ်​မှ​သင်​တို့​ရှိ​ရာ​သို့ ကူး​ချင်​သော​သူ မ​ကူး​နိုင်။ ထို​အ​ရပ်​မှ ငါ​တို့​ရှိ​ရာ​သို့ ကူး​ချင်​သော​သူ​လည်း မ​ကူး​နိုင်​ဟု ဆို၏။- 27 သူ​ဌေး​က​လည်၊ အို အ​ဘ၊ ထို​သို့​မှန်​လျှင်၊- 28 အ​ကျွန်ုပ်၌ ညီ​ငါး​ယောက်​ရှိ​ပါ​သည် ဖြစ်၍၊ သူ​တို့​သည် ဤ​ပြင်း​ပြ​စွာ ခံ​ရာ​အ​ရပ်​သို့ မ​ရောက်​မည်​အ​ကြောင်း၊ သူ​တို့​အား သက်​သေ​ခံ​စေ​ခြင်း​ငှာ၊ လာ​ဇ​ရု​ကို အ​ကျွန်ုပ်​အ​ဘ၏​အိမ်​သို့ စေ​လွှတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု ပြော​ဆို​လျှင်၊- 29 အာ​ဗြ​ဟံ​က၊ သင်၏​ညီ​တို့၌ မော​ရှေ​မှ​စ၍ ပ​ရော​ဖက်​များ ရှိ​ကြ၏။ ပ​ရော​ဖက်​တို့၏ စ​ကား​ကို နား​ထောင်​ကြ​စေ​ဟု ဆို၏။- 30 သူ​ဌေး​က​လည်း၊ မ​ဟုတ်​ပါ အ​ဘ​အာ​ဗြ​ဟံ။ သေ​သော​လူ​စု​ထဲ​က တစ်​ယောက်​သော​သူ​သည် ထ​မြောက်၍ သူ​တို့​ရှိ​ရာ​သို့ သွား​လျှင်၊ သူ​တို့​သည် နောင်​တ​ရ​ကြ​ပါ​လိမ့်​မည်​ဟု ဆို​သော်၊- 31 အာ​ဗြ​ဟံ​က၊ သူ​တို့​သည် မော​ရှေ၏​စ​ကား၊ ပ​ရော​ဖက်​တို့၏​စ​ကား​ကို နား​မ​ထောင်​လျှင်၊ တစ်​ယောက်​သော​သူ​သည် သေ​ခြင်း​မှ ထ​မြောက်​သော်​လည်း မ​ယုံ​ကြည်​နိုင်​ကြ​ဟု အာ​ဗြ​ဟံ​ဆို​သည်​ဟု မိန့်​တော်​မူ၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.