Pular para o conteúdo
Publicidade

ရှင်လုကာ 17

14 ယေ​ရှု​သည် မြင်​တော်​မူ​လျှင်၊ သင်​တို့​သည် ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား၍ ကိုယ်​ကို​ပြ​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည် သွား​စဉ်​တွင် သန့်​ရှင်း​ခြင်း​သို့ ရောက်​ကြ၏။-ဝတ်၊ ၁၄:၁-၃၂။15 ထို​သူ​တို့​တွင် တစ်​ယောက်​သော​သူ​သည် အ​နာ​ရော​ဂါ​ကင်း​လွတ်​သည်​ကို သိ​မြင်​လျှင်၊ ပြန်​လာ၍ ကြီး​သော​အ​သံ​နှင့် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​လေ၏။- 16 ခြေ​တော်​ရင်း၌ ပျပ်​ဝပ်၍ ကျေး​ဇူး​တော်​ကြီး​လှ​ပါ​သည်​ဟု ဝန်​ခံ​လေ၏။ ထို​သူ​သည် ရှ​မာ​ရိ​လူ ဖြစ်​သ​တည်း။- 17 ယေ​ရှု​က​လည်း၊ တစ်​ကျိပ်​သော​သူ​တို့​သည် သန့်​ရှင်း​ခြင်း​သို့ ရောက်​ကြ​သည်​မ​ဟုတ်​လော။ ကိုး​ယောက်​သော​သူ​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း။- 18 ဤ​တစ်​ပါး​အ​မျိုး​သား​ကို​ထား၍ ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ခြင်း​ငှာ ပြန်​လာ​သော​သူ တစ်​ယောက်​မျှ မ​ရှိ​သ​လော​ဟု မေး​တော်​မူ​ပြီး​မှ၊- 19 သင်​ထ၍ သွား​လော့။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင်၏​အ​နာ​ကို​ငြိမ်း​စေ​ပြီ​ဟု ထို​သူ​အား မိန့်​တော်​မူ၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também