15 ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံသို့ ပြန်ကြပြီးမှ သိုးထိန်းတို့က၊ ငါတို့သည် ဗက်လင်မြို့သို့ သွားကြကုန်အံ့။ ထာဝရဘုရားသည် ဖော်ပြတော်မူသော ဤအမှုအရာကို ကြည့်ကြကုန်အံ့ဟု အချင်းချင်း ပြောဆိုပြီးလျှင်၊- 16 အလျင်အမြန်သွား၍ မာရိနှင့်ယောသပ်ကိုလည်းကောင်း၊ နွားစားခွက်၌ သိပ်ထားလျက်ရှိသော သူငယ်ကိုလည်းကောင်း တွေ့ကြ၏။- 17 တွေ့မြင်ပြီးမှ မိမိတို့ကြားသော ထိုသူငယ်၏ အကြောင်းစကားကို အနှံ့အပြားပြောကြ၏။- 18 သိုးထိန်းတို့ပြောသောစကားကို ကြားသောသူ ရှိသမျှတို့သည် အံ့ဩခြင်းရှိကြ၏။-