Pular para o conteúdo
Publicidade

ရှင်လုကာ 2

ဗိ​မာန်​တော်​တွင်​ဆွေး​နွေး​ခြင်း

41 မိ​ဘ​တို့​သည် နှစ်​တိုင်း​အ​စဉ် ပ​သ​ခါ​ပွဲ​ခံ​ချိန် ရောက်​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ကြ၏။- 42 ယေ​ရှု​သည် တစ်​ဆယ်​နှစ်​နှစ်​ရှိ​သော​အ​ခါ ပ​သ​ခါ​ပွဲ​ထုံး​စံ​အ​တိုင်း ယေ​ရု​ရှ​လင်​မြို့​သို့ တက်​ကြ၍၊-ထွ၊ ၁၂:၁-၂၇။ တ​ရား၊၁၆:၁-၈။43 ပွဲ​နေ့​ရက်​လွန်​ပြီး​မှ မိ​ဘ​တို့​သည်​ပြန်​ကြ​လျှင်၊ သူ​ငယ်​ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့၌ နေ​ရစ်​လေ၏။ ယော​သပ်​နှင့် မယ်​တော်​သည် ထို​အ​ကြောင်း​ကို မ​သိ၍၊- 44 အ​ပေါင်း​အ​ဖော်​စု​ထဲ​မှာ သူ​ငယ်​ပါ​သည်​ဟု စိတ်​ထင်​နှင့် တစ်​နေ့​ခ​ရီး​သွား​မိ​လျှင်၊ အ​ဆွေ​အ​မျိုး အ​သိ​အ​ကျွမ်း​တို့​တွင် ရှာ၍၊- 45 မ​တွေ့​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်၍​ရှာ​ကြ၏။- 46 သူ​ငယ်​မူ​ကား၊ ဗိ​မာန်​တော်၌ ဆ​ရာ​များ​အ​လယ်​မှာ​ထိုင်၍ ထို​သူ​တို့​နှင့် ဆွေး​နွေး​မေး​မြန်း​လျက်​ရှိ​သည်​ကို မိ​ဘ​တို့​သည် သုံး​ရက်​ကြာ​မှ တွေ့​ကြ၏။- 47 သူ၏​စ​ကား​ကို ကြား​သော​သူ​အ​ပေါင်း​တို့​သည် သူ၏​ပ​ညာ​ကို​လည်း​ကောင်း၊ စ​ကား​အ​ဖြေ​ကို​လည်း​ကောင်း အံ့​ဩ​ကြ၏။- 48 မိ​ဘ​တို့​သည် သား​ကို​မြင်​လျှင် မိန်း​မော​တွေ​ဝေ၍ မယ်​တော်​က၊ ငါ့​သား၊ အ​ဘယ်​ကြောင့် ငါ​တို့​အား ဤ​သို့ ပြု​သ​နည်း။ ညှိုး​ငယ်​ကြောင့်​ကြ​သော​စိတ်​နှင့် မိ​ဘ​တို့​သည် မောင်​ကို​ရှာ​ကြ​ပြီ​ဟု ဆို​သော်၊- 49 ယေ​ရှု​က၊ မိ​ဘ​သည် အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို ရှာ​ရ​ပါ​သ​နည်း။ အ​ကျွန်ုပ်​သည် အ​ဘ၏​အိမ်၌ နေ​ရ​သည်​ကို မ​သိ​ပါ​သ​လော​ဟု ပြော​ဆို​လျှင်၊- 50 သူ​တို့​သည် ထို​စ​ကား​ကို နား​မ​လည်​ကြ။- 51 ထို​နောက် ယေ​ရှု​သည် မိ​ဘ​တို့​နှင့်​အ​တူ​သွား​သ​ဖြင့် နာ​ဇ​ရက်​မြို့​သို့​ရောက်၍ သူ​တို့​စ​ကား​ကို နား​ထောင်​လျက် နေ​လေ၏။ ထို​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​တို့​ကို မယ်​တော်​သည် နှ​လုံး​ထဲ၌ မှတ်​ကျုံး​လေ၏။- 52 ယေ​ရှု​သည်​လည်း အ​စဉ်​အ​တိုင်း​ကြီး၍ ပ​ညာ​တိုး​ပွား​လျက်၊ ဘု​ရား​သ​ခင့်​ရှေ့၊ လူ​တို့​ရှေ့​မှာ မျက်​နှာ​ရ​တော်​မူ၏။၁​ရာ၊ ၂:၂၆။ သု၊ ၃:၄။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.